မှော်ဘီ လျှပ်စစ်ရုံးအနီးမှာဖြစ်သွားတာပါ ကြားထဲက ကလေးကမြေစာပင်ဖြစ်ရရှာပြီ

0
1125

မှော်ဘီ လျှပ်စစ်ရုံးအနီးမှာဖြစ်သွားတာပါ ကြားထဲက ကလေးကမြေစာပင်ဖြစ်ရရှာပြီ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့ လျှပ်စစ်ရုံးအနီး သြဂုတ်လ ၃၀ ရက် ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် ပေ ါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး လ က် ပြ တ်သွားကြောင်း သတင်းရရှိသည်။

“လျှပ်စစ်ရုံးအနီးမှာ ဗ ံ ုး ပေါက်တာ၊ အမှိုက်ကောက်တဲ့ ကလေးငယ်တစ်ယောက် လ က် ပြ တ်သွားတာလို့ ကြားတယ်၊ အခုတော့ စစ်ကားတွေ ရောက်နေပြီ” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။

အခင်းဖြစ်ရာနေရာသို့ လူနာတင်ကားများနှင့် စစ်ကောင်စီမှ စစ်ကားများသွားနေပြီး မှော်ဘီ ဂျူဒိုရုံအရှေ့တွင် လမ်းပိတ်ကာ စစ်ဆေးနေသောကြောင့် ကားလမ်းများပိတ်ကာ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ယာဉ်ကြောပိတ်ဆို့မှုဖြစ်နေကြောင်း သတင်းရရှိသည်။

ပေ ါက်ကွဲမှုဖြစ်စဉ်နှင့် ထိခိုက်ဒဏ်ရာရမှုအသေးစိတ်ကို လတ်တလော မသိရှိနိုင်သေးပေ။

Zawgyi Version

 



“လျှပ်စစ်ရုံးအနီးမှာ ဗုံး ပေါက်တာ၊ အမှိုက်ကောက်တဲ့ ကလေးငယ်တစ်ယောက် လ က် ပြ တ်သွားတာလို့ ကြားတယ်၊ အခုတော့ စစ်ကားတွေ ရောက်နေပြီ” ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ သတင်းပေးပို့သည်။



LEAVE A REPLY

Please enter your comment!
Please enter your name here