အန္တရာယ်များ ရေစီးသန်လွန်းတဲ့ တောင်ကျချောင်းရေကြားထဲ ရိက္ခာသယ်ယူနေရတဲ့ PDFရဲဘော်တွေရဲ့ ဗီဒီယိုဖိုင်

0
693

အန္တရာယ်များ ရေစီးသန်လွန်းတဲ့ တောင်ကျချောင်းရေကြားထဲ ရိက္ခာသယ်ယူနေရတဲ့ PDFရဲဘော်တွေရဲ့ ဗီဒီယိုဖိုင်

အောက်ဆုံးတွင်videoပါသည်…

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအရ လူငယ်တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်နဲ့အတူ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေကလည်း ပါ၀င်နေကြပြီး အာဏာရှင်ကိုအမြစ်ဖြုတ်ရန်နဲ့ စစ်မှန်တဲ့ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့အတွက် ကြိုးစားနေကြတာကို တွေ့ရပါတယ် ။ လူငယ်တွေအနေနဲ့ လွတ်မြောက်နယ်မြေတွေမှာ စစ်ပညာသင်ယူရတာကလည်း မလွယ်ကူလှတဲ့ကိစ္စတစ်ရပ်ဆိုတာ လူတိုင်းလည်းသိကြပြီးဖြစ်မှာပါ။

 

အမိုးအကာလုံခြုံမှုမရှိတဲ့ တဲအိမ်တွေအပြင် တော‌ထဲတောင်ထဲမှာ ငှက်ဖျားအန္တရာယ်လည်းစိုးရိမ်ရပြီး တောင်ကျရေအန္တရာယ်တွေကလည်း အချိန်မရွေးကြုံတွေ့ကြရတာ ဖြစ်ပါတယ်။ မိုးတွင်းကာလလည်းဖြစ်နေတာကြောင့် တောင်ကျချောင်းတွေ အဆက်မပြတ်ဖြစ်ပေါ်နေပြီး PDFရဲဘော်တွေအနေနဲ့ သွားလာရေးခက်ခဲနေပြီး ရိက္ခာသယ်ယူရာမှာလည်း ချောင်းရေတွေကြားထဲကနေ ခက်ခက်ခဲခဲသယ်နေကြရတာဖြစ်ပါတယ်။

 

မကြာသေးမီကလည်း PDF ရဲဘော်တစ်ဦးဟာ လွတ်မြောက်နယ်မြေမှာ ရေစီးသန်လွန်းတဲ့တောင်ကျချောင်းရေကိုဖြတ်ပြီး စက်လှေလေးနဲ့ ခက်ခက်ခဲခဲ ရိက္ခာသယ်ယူနေရတဲ့ ဗီဒီယိုတစ်ခုတင်ပေးလာပါတယ်။ ဗီဒီယိုထဲမှာဆိုရင် ပဲ့ကိုင်ရတဲ့သူကလည်း သတိကြီးကြီးထားနေရသလို ရေခပ်ထုတ်နေရတဲ့သူကလည်း မနားတမ်းအဆက်မပြတ်ခပ်ထုတ်ရင်း လှေမနစ်သွားအောင် ကြိုးစားနေကြရတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Zawgyi Version

အႏၲရာယ္မ်ား ေရစီးသန္လြန္းတဲ့ ေတာင္က်ေခ်ာင္းေရၾကားထဲ ရိကၡာသယ္ယူေနရတဲ့ PDFရဲေဘာ္ေတြရဲ႕ ဗီဒီယိုဖိုင္

ေအာက္ဆုံးတြင္videoပါသည္…

ျမန္မာႏိုင္ငံရဲ႕လက္ရွိအေျခအေနေတြအရ လူငယ္ေတြရဲ႕ ျပင္းျပတဲ့စိတ္ဓာတ္နဲ႔အတူ တိုင္းရင္းသားလက္နက္ကိုင္တပ္ေတြကလည္း ပါ၀င္ေနၾကၿပီး အာဏာရွင္ကိုအျမစ္ျဖဳတ္ရန္နဲ႔ စစ္မွန္တဲ့ဖယ္ဒရယ္ဒီမိုကေရစီရရွိဖို႔အတြက္ ႀကိဳးစားေနၾကတာကို ေတြ႕ရပါတယ္ ။ လူငယ္ေတြအေနနဲ႔ လြတ္ေျမာက္နယ္ေျမေတြမွာ စစ္ပညာသင္ယူရတာကလည္း မလြယ္ကူလွတဲ့ကိစၥတစ္ရပ္ဆိုတာ လူတိုင္းလည္းသိၾကၿပီးျဖစ္မွာပါ။

 

အမိုးအကာလုံၿခဳံမႈမရွိတဲ့ တဲအိမ္ေတြအျပင္ ေတာ‌ထဲေတာင္ထဲမွာ ငွက္ဖ်ားအႏၲရာယ္လည္းစိုးရိမ္ရၿပီး ေတာင္က်ေရအႏၲရာယ္ေတြကလည္း အခ်ိန္မေ႐ြးႀကဳံေတြ႕ၾကရတာ ျဖစ္ပါတယ္။ မိုးတြင္းကာလလည္းျဖစ္ေနတာေၾကာင့္ ေတာင္က်ေခ်ာင္းေတြ အဆက္မျပတ္ျဖစ္ေပၚေနၿပီး PDFရဲေဘာ္ေတြအေနနဲ႔ သြားလာေရးခက္ခဲေနၿပီး ရိကၡာသယ္ယူရာမွာလည္း ေခ်ာင္းေရေတြၾကားထဲကေန ခက္ခက္ခဲခဲသယ္ေနၾကရတာျဖစ္ပါတယ္။

 

မၾကာေသးမီကလည္း PDF ရဲေဘာ္တစ္ဦးဟာ လြတ္ေျမာက္နယ္ေျမမွာ ေရစီးသန္လြန္းတဲ့ေတာင္က်ေခ်ာင္းေရကိုျဖတ္ၿပီး စက္ေလွေလးနဲ႔ ခက္ခက္ခဲခဲ ရိကၡာသယ္ယူေနရတဲ့ ဗီဒီယိုတစ္ခုတင္ေပးလာပါတယ္။ ဗီဒီယိုထဲမွာဆိုရင္ ပဲ့ကိုင္ရတဲ့သူကလည္း သတိႀကီးႀကီးထားေနရသလို ေရခပ္ထုတ္ေနရတဲ့သူကလည္း မနားတမ္းအဆက္မျပတ္ခပ္ထုတ္ရင္း ေလွမနစ္သြားေအာင္ ႀကိဳးစားေနၾကရတာကို ေတြ႕ရပါတယ္။ ပရိသတ္ေတြအတြက္ ဒီဗီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Videoၾကည့္ရန္…….

LEAVE A REPLY

Please enter your comment!
Please enter your name here