တစ်နေ့ထဲ ၆ ဦး အ သ တ်ခံရတဲ့ဖြစ်ရပ် ရက်စက်တယ်

0
1150

တစ်နေ့ထဲ ၆ ဦး အ သ တ်ခံရတဲ့ဖြစ်ရပ် ရက်စက်တယ်

 

စစ်ကောင်စီထောက်ခံသူနှင့်သတင်းပေးဟု အများက စွပ်စွဲသတ်မှတ်ခံထားရသူ ၆ ဦး ယမန်နေ့ တစ်နေ့တည်း အသ
တ်ခံရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရန်ကုန်တိုင်း၊လှိုင်မြို့နယ် ၁၃ရပ်ကွက်၊ သီရိမြိုင်၊ သစ္စလမ်းမှ စစ်ကောင်စီထောက်ခံ သတင်းပေးသူဟု သတ်မှတ်ခံထားရသော ဟန်အေးသည် စက်တင်ဘာလ ၇ ရက်နေ့ တွင် ​ေ သ
န တ်ဖြင့် ၆ ချက် ပ စ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၀နာရီ ဝန်းကျင်ခန့်က နွားထိုးကြီးမြို့နယ်၊ဆူးဖြူကုန်းရွာမှ စစ်ကောင်စီ သတင်းပေးဒလန်ဟု သတ်မှတ်ခံထားရသူ အောင်ဆန်းဦးနှင့် သူ၏ဇနီးကို မြင်းခြံမြို့နယ် ထိန်ပန်းရွာဖောက်လမ်း အဝင် သစ်ရုံအနီးတွင် 27Revolution Forces က ပ စ်ခတ်သ တ်ဖြတ်ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ် ရုန်းပင်ကန်ရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ထွန်းတင့်သည် စက်တင်ဘာလ ၇ ရက်နေ့တွင် သေနတ်ဖြင့် ၁၂ ချက် ပ စ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ၄ ရပ်ကွက်တွင် သတင်းပေးဟု စွပ်စွဲခံရသူ ကျော်ဇင်ဝင်းသည် စက်တင်ဘာလ ၇ ရက်နေ့ ၊ ညနေပိုင်း နေအိမ်တွင် ပ စ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် စစ်ကောင်စီကို ထောက်ခံအားပေးပြီး ရပ်ရွာက သတင်းပေး ဒလန်ဟု သတ်မှတ်ခံထားရသူ အောင်ဝင်းကြည်သည် စက်တင်ဘာလ ၇ ရက်နေ့ ဓ ားဖြင့် ခု တ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

စစ်ကောင်စီသတင်းပေးဟု စွပ်စွဲခံရပြီး သ တ်ဖြတ်ခံရသူများသည် အမှန်တကယ် သတင်းပေး ဟုတ်၊ မဟုတ် ရန်ကုန်ခေတ်သစ်အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ ။

Zawgyi Version

 


 








LEAVE A REPLY

Please enter your comment!
Please enter your name here