ကားမရပ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ယာဥ်တစ်စီးကို စကစမှ တို က် ခို က်ပ စ်ခတ်
0
98
ကားမရပ်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ယာဥ်တစ်စီးကို စကစမှ တိုက်ခိုက်ပ စ်ခတ်
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ကညနရုံး၊ အလုံမြို့နယ် KING လက်ဖက်ရည်ဆိုင်အနီး တွင် ယနေ့ ဗ ံ ု းများပေါ က်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
တောင်ဥက္ကလာပ၊ ကညနရုံးအနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင် အမှိုက်ကန်အတွင်း ဗ ံ ု းပေ ါက်ကွဲခြင်းဖြစ်ပြီး အမှိုက်ကောက်ကလေးငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ဒေသခံများက လူမှုကွန်ရက်တွင် မျှဝေထားသည်။
“ဗ ံ ု း ပေါ က်တုန်းကတော့ ရဲတွေရော စစ်သားတွေရော အနားမှာ ပိတ်ဆို့ပြီးစစ်တယ်။ အခုတော့မ ရှိတော့ဘူး။ အရပ်ဝတ်တွေပဲ ကျန်တော့တယ်။ ၂ ဦးထိခိုက်တယ်။ အမှိုက်ကန်ထဲ ထည့်သွားတဲ့ ဗ ံ ု းထပေ ါက်တာ” ဟု တောင်ဥက္ကလာပ ၊ ကညန ရုံးအနီးနေထိုင်သူ ပြည်သူတစ်ဦးက ပြောသည်။
အလားတူ အလုံမြို့နယ်၊ သခင်မြပန်းခြံအနီး King လက်ဖက်ရည်နားတွင်လည်း ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်က ပေါ က်ကွဲခဲ့ကြောင်း သိရှိရသည်။
“ဗ ံ ု း ပေါ က်ပြီးတော့ သခင်မြပန်းခြံတစ်၀ိုက်နဲ့ King လက်ဖက်ရည်ဆိုင်နားကို ပိတ်ပြီး စစ်တာပဲ။ လူထိတာတော့ မကြားမိဘူး” ဟု ဒေသခံ ပြည်သူတစ်ဦးက ဆိုသည်။
ယမန်နေ့ ည ၉ နာရီဝန်းကျင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ဘေလီတံတားအနီးတွင် စစ်ကောင်စီတပ်များက မော်တော်ယာဉ်တစ်စီးကို ပ စ် ခ တ်ခဲ့ပြီး ယာဉ်မောင်းသူ ကိုအောင်ကို သေဆုံးကာ၊ ကားပေါ်လိုက်ပါသူ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ကားရပ်ခိုင်းတာ မရပ်လို့ နောက်ကနေ စစ်ကားနဲ့ လိုက်ပ စ်တာလို့ ပြောတယ်။ ယာဉ်မောင်းဖြစ်သူက ကိုအောင်ကို လို့သိရတယ်။ အမျိုးသမီးကတော့ ခြေထောက်နဲ့ ဗိုက် မှာ ကျ ည်မှန်တယ်လို့ ပြောတယ်။ သူလည်း အသည်းအသန်ပဲ။ အသက်အန္တရာယ် စိုးရိမ်ရတယ်” ဟု မြောက်ဒဂုံဘေလီတံတားအနီးနေထိုင်သူ ပြည်သူတစ်ဦးက ဆိုသည်။
Zawgyi Version
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ ကညနရုံး၊ အလုံမြို့နယ် KING လက်ဖက်ရည်ဆိုင်အနီး တွင် ယနေ့ ဗုံးများပေါ က်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
တောင်ဥက္ကလာပ၊ ကညနရုံးအနီးတွင် ယနေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ဝန်းကျင် အမှိုက်ကန်အတွင်း ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး အမှိုက်ကောက်ကလေးငယ်တစ်ဦးနှင့် လမ်းသွားလမ်းလာ ပြည်သူတစ်ဦး ထိခိုက်ကြောင်း ဒေသသတင်းရင်းမြစ်များနှင့် ဒေသခံများက လူမှုကွန်ရက်တွင် မျှဝေထားသည်။
LEAVE A REPLY
Please enter your comment!
Please enter your name here