အပြစ်မရှိတဲ့ကလေးတွေပဲ အသက်ပေးနေရတယ် ဒီပွဲအမြန်ပြီးမှဖြစ်မယ်

0
720

အပြစ်မရှိတဲ့ကလေးတွေပဲ အသက်ပေးနေရတယ် ဒီပွဲအမြန်ပြီးမှဖြစ်မယ်

မကွေးမြို့ ကြံ့ဖွတ်ရုံးရှေ့တွင် ယနေ့ နံနက် ၈ နာရီက ဗ ံု း ပေါ က်ကွဲမှု ဖြစ်ပွားပြီး ကလေးငယ် ၁ ဦး သေဆုံးကာ ၁ ဦးဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

မကွေးတိုင်းကြံ့ဖွတ်ရုံးရှေ့ ဗ ံ ု း ကွဲမှုကြောင့် အနီးအနားရှိ ကွမ်းယာဆိုင်မှ အသက် ၅ နှစ်အရွယ်ကလေး ၁ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဗ ံ ု း စထိမှန်မှုကြောင့် အနီးရှိ လူငယ်တစ်ဦး ၀မ်းဗိုက်နှင့်ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဗ ံ ု း ပေါ က်ကွဲမှုကြောင့် မကွေးတစ်မြို့လုံးကို စစ်တပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း သိရှိရသည်။

လတ်တလော မင်းဘူးမှမကွေးဆက်သွယ်ထားသည့်တံတား လုံးခြုံရေးစစ်ဆေးရေးဂိတ်မှစတင်၍ အသွားအလာပိတ်ဆို့ကာစစ်ဆေးမှုများ ပြုလုပ်နေကြောင်း၊ယာဉ်ကြောပိတ်ဆို့မှုလည်းဖြစ်ပွားနေပြီး မကွေးမြို့ပေါ်တွင်လည်း စစ်ကားများ လှည့်လည်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

မကြာသေးမီရက်ပိုင်းအတွင်း မကွေးမြသလွန်စေတီတောင်ခြေအနီးနားရှိ စစ်ဆေးရေးဂိတ်တွင် ဗ ံ ု းပေ ါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မကွေးတိုင်းတွင် Mytel တာဝါတိုင်များ ဆက်တိုက်ဖောက်ခွဲခံနေရကြောင်း၊ ထို့ကြောင့် စစ်ကောင်စီဘက်က လုံခြုံရေး အထူးတိုးမြှင့်နေကြောင်း သိရှိရသည်။

မကွေးတွင် ကိုဗစ်ရောဂါ အကြောင်းပြ၍ အသွားအလာအချိန်တွေကိုလည်းယခင်အချိန်မဟုတ်ဘဲ ထပ်မံ ပြောင်းလဲထားကြောင်း၊ ယခင် နံနက် ၄ နာရီမှ ၁၀ နာရီအထိလည်းကောင်း၊ ညနေ ၅ နာရီမှ ည ၇ နာရီအထိ လည်းကောင်း ထွက်ခွင့်ပြုထားကြောင်း၊ ယခုအခါတွင်မူ နံနက်၄နာရီမှ ၁၁နာရီအထိနှင့် ညနေ ၃ နာရီ မှ ည ၆ နာရီအထိသာ ထွက်ခွင့်ပြုကြောင်း သိရှိရသည်။

Zawgyi Version

 



မကွေးတိုင်းကြံ့ဖွတ်ရုံးရှေ့ ဗုံး ကွဲမှုကြောင့် အနီးအနားရှိ ကွမ်းယာဆိုင်မှ အသက် ၅ နှစ်အရွယ်ကလေး ၁ ဦးပွဲချင်းပြီး သေဆုံးသွားကြောင်း၊ ဗုံး စထိမှန်မှုကြောင့် အနီးရှိ လူငယ်တစ်ဦး ၀မ်းဗိုက်နှင့်ခြေထောက်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဗုံး ပေါ က်ကွဲမှုကြောင့် မကွေးတစ်မြို့လုံးကို စစ်တပ်က ပိတ်ဆို့စစ်ဆေးနေကြောင်း သိရှိရသည်။


မကြာသေးမီရက်ပိုင်းအတွင်း မကွေးမြသလွန်စေတီတောင်ခြေအနီးနားရှိ စစ်ဆေးရေးဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မကွေးတိုင်းတွင် Mytel တာဝါတိုင်များ ဆက်တိုက်ဖောက်ခွဲခံနေရကြောင်း၊ ထို့ကြောင့် စစ်ကောင်စီဘက်က လုံခြုံရေး အထူးတိုးမြှင့်နေကြောင်း သိရှိရသည်။

မကွေးတွင် ကိုဗစ်ရောဂါ အကြောင်းပြ၍ အသွားအလာအချိန်တွေကိုလည်းယခင်အချိန်မဟုတ်ဘဲ ထပ်မံ ပြောင်းလဲထားကြောင်း၊ ယခင် နံနက် ၄ နာရီမှ ၁၀ နာရီအထိလည်းကောင်း၊ ညနေ ၅ နာရီမှ ည ၇ နာရီအထိ လည်းကောင်း ထွက်ခွင့်ပြုထားကြောင်း၊ ယခုအခါတွင်မူ နံနက်၎နာရီမှ ၁၁နာရီအထိနှင့် ညနေ ၃ နာရီ မှ ည ၆ နာရီအထိသာ ထွက်ခွင့်ပြုကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here