ညီငယ်ရေ R.I.P ပါကွာ ငါထမ်းရတဲ့အ ေ လ ာင်းက မင်းမှန်းငါမသိခဲ့လိုက်ဘူးကွာ

0
843

ညီငယ်ရေ R.I.P ပါကွာ ငါထမ်းရတဲ့အ ေ လ ာင်းက မင်းမှန်းငါမသိခဲ့လိုက်ဘူးကွာ

အသက်လဲမပြည့်သေး မင်းရဲ့သွေးက ရဲလွန်းပါတယ် ငါအနားမှာဘဲ နေ ပြောရဲ့သားနဲ့ကွား ခုတော့ ခွဲရပြီ အာဇာနည်. . . .

ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုနှင့် ဖရူဆိုကြားရှိ ကဒါးလားကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်၊ KNDF၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားပြီး ဒီးမော့ဆို PDF ဘက်မှ ၂ ဦး လ က်န က်ကြီးကျ ည်ထိမှန်ကျဆုံးကာ စစ်ကောင်စီဘက် မှလည်း ၃ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၅ နာရီခွဲမှ ၉ နာရီခန့်အထိ ဖြစ်ပွားသောတိုက်ပွဲတွင် ဒီးမော့ဆိုအခြေစိုက် စစ်ကောင်စီ၏ ၁၀၂ တပ်ရင်းမှ အဆိုပါ တိုက်ပွဲဖြစ်ရာဒေသများသို့ လ က် န က်ကြီးများဖြင့် ပ စ် ခတ်ခတ်ခဲ့ပြီး ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်မှ မောင်ပီတာနှင့် မောင်ဆီမိုးနယ် ခေါ် အောင်နိုင်တို့ ၂ ဦး အကြမ်းဖက်စစ်ကောင်စီမှ ပ စ်ခတ်သော လ က်န က်ကြီးကျ ည်ထိမှန်ပြီး ကျဆုံးသွားကြောင်း ဒီးမော့ဆို PDF မှ ထုတ်ပြန်သည်။

ယမန့်နေ့ည လွိုင်ကော်မြို့ရှိ ၅၄ တပ်အနီးဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ သံချပ်ကာကားများ၊ စစ်ကားများဖြင့် အင်အားဖြည့်တင်းကာ လက်နက်ကြီး လ က်န က်ငယ်များဖြင့် ပ စ် ခတ်မှုကြောင့် အနည်းဆုံး ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်အချို့ ပျက်စီးခဲ့ရသည်။


Zawgyi Version






LEAVE A REPLY

Please enter your comment!
Please enter your name here