ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူများကို တရား၀င်ငွေကြေးအဖြစ်မှ ရပ်စဲလိုက်ပြီဆိုတဲ့ သတင်း

0
647

ငါးထောင်တန်နဲ့ တစ်သောင်းတန် ငွေစက္ကူများကို တရား၀င်ငွေကြေးအဖြစ်မှ ရပ်စဲလိုက်ပြီဆိုတဲ့ သတင်း

လူမူကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ကျပ် ငါးထောင်တန်နဲ့ တစ်သောင်းတ န်ငွေစက္ကူတွေကို စက်တင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီကစပြီး တရားဝင်‌ ငွေစက္ကူအဖြစ်က ရပ်စဲလိုက်တယ် ဆိုတဲ့စာဟာ အတု ဖြစ် တယ် လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့က ပြောပါတယ်။

အဲ့ဒီ့ အမိန့်စာအတုမှာ ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက လက် မှတ် ရေးထိုးထားပြီး ငွေကြေးတန်ဖိုး ကျဆင်းခြင်းနဲ့ ငွေ ကြေး‌ဖောင်းပွမှုကို ထိန်းချုပ်ဖို့ စစ်ကောင်စီက ဒီအမိန့်ကို ထုတ်ပြန်တယ်လို့ ဖော်ပြထားပါတယ်။

ဒီစာကို မသမာသူအချို့က ထုတ်ပြန်တယ်လို့ စစ်ကောင်စီ သတင်း ထုတ်ပြန်ရေးအဖွဲ့က ပြောပြီး ဗဟိုဘဏ်က ထုတ်ဝေထားတဲ့ ငွေ စက္ကူတွေကို ယုံယုံကြည်ကြည် သုံးကြဖို့ကိုလည်း စစ်ကောင်စီက ပြောပါတယ်။

စစ်ကောင်စီ လက်ရှိ ကိုးကားပြီးပြောဆိုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ငွေစက္ကူတွေကို ဖျက်သိမ်းတာကို တားမြစ်ထား ပါတယ်။

Zawgyi Version

 




 



LEAVE A REPLY

Please enter your comment!
Please enter your name here