စစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံရပြီး ပြန်လွတ်လာတဲ့အမျိုးသား ကိုယ့်ကိုယ်ကို ရက် စက်တဲ့နည်းနဲ့ သ တ် သေ

0
671

စစ်ကောင်စီရဲ့ဖမ်းဆီးတာကိုခံရပြီး ပြန်လွတ်လာတဲ့အမျိုးသား ကိုယ့်ကိုယ်ကို ရက် စက်တဲ့နည်းနဲ့ သ တ် သေ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့မှာ စစ်ကောင်စီက ဖမ်းဆီးတာခံရပြီး လွတ်မြောက်လာသူအမျိုးသားတဦး မိမိကိုယ်ကိုယ် သ တ်​ေ သ ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပေါင်းတည်မြို့နယ်၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ လေးထောင့်ခင်းဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ဒီကနေ့ မနက််ပိုင်းက လည် ပင်း ပြ တ်ရှ ဒ ဏ် ရာနဲ့ ဦခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“တွေ့ရတာက သုဿန်ထဲကဇရပ်မှာ အရင်ဆုံးကြို းဆွဲ ချတဲ့အနေအထား၊ ဇရပ်ကထုတ်တန်းမှာ ပြ တ်နေတဲ့ကြိုးအပိုင်းအစတွေ့တယ် အဲဒီကမှ မသေလို့ ဘုန်းကြီးကျောင်းမြေထဲဝင်ပြီးတွေ့ရာ ပစ္စည်းတခုနဲ့လ ည် ပ င်းကိုဖြ တ်ထားပုံရတယ်” လို့ ကိုယ်တိုင်သွားရောက်ကြည့်ရှု့ခဲ့သူတဦးက ပြောပါတယ်။

ပေါင်းတည်မြို့၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ မှတ်တိုင်လမ်းနေ အသက် ၅၀ နှစ်အရွယ်ခန့် တိုးကြီးဆိုသူဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက သားဖြစ်သူနဲ့ အတူစစ်ကောင်စီကဖမ်းဆီးတာကိုခံရပြီး သားဖြစ်သူကိုဆက်လက်ချုပ်နှောင်ထားကာ သူ့ကိုပြန်လွှတ်ပေးခဲ့အပြီးမှာ အခုလိုသေဆုံးနေတာကို တွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။

မြေလတ်အသံ

 

Zawgyi Version



ပေါင်းတည်မြို့နယ်၊ ဘွဲ့ပင်ကန်ရပ်ကွက်၊ လေးထောင့်ခင်းဘုန်းကြီးကျောင်းဝင်းအတွင်းမှာ ဒီကနေ့ မနက်ပိုင်းက လည် ပင်း ပြ တ်ရှ ဒ ဏ် ရာနဲ့ ဦခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။



#မြေလတ်အသံ

LEAVE A REPLY

Please enter your comment!
Please enter your name here