နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို အမိန့် ချပြီ

0
1468

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို အမိန့် ချပြီ

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတ ဦးဝင်းမြင့်၊ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (ခ) ဖြင့် နေပြည်တော်ရှိ အထူးတရားရုံးက စွဲချက်တင် အမိန့်ကို ယနေ့ ချမှတ်လိုက်ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင်တို့ ၃ ယောက်စလုံးကို ၅၀၅(ခ)နဲ့ အမှုစွဲတင်ဖို့ ဆုံးဖြတ်ချက် အမိန့်ချပါတယ်။ အဲဒီတော့ အပြစ်ရှိလား၊မရှိလားမေးတော့ ဦးဝင်းမြင့်ရော၊ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဒေါက်တာမျိုးအောင်ရော၊ ၃ ဦး စလုံးက အပြစ်မရှိဘူးလို့ ဖြေပါတယ်။ တရားခွင်အတွင်းမှာဖြေပါတယ်”ဟု ရှေ့နေတဦးက ပြောသည်။

ယနေ့ ရုံးထုတ်စစ်ဆေးမှုတွင် ၃ ဦးစလုံးကို ရုံးထုတ်စစ်ဆေးခဲ့ပြီး သဘာဝဘေးအမှုအတွက် လာမည့် စက်တင်ဘာလ ၂၉ ရက်နေ့သို့ ချိန်းဆိုလိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေး ကောင်းမွန်သော်လည်း ကားမူးနေကြောင်း ရှေ့နေအဖွဲ့က ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မန္တလေးမြို့တွင် စွဲဆိုထားသည့် ယခုလို အဂတိမှုများကို နေပြည်တော်တွင် ယခုလို စစ်ဆေးမည့်အပြင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅၊ သဘာဝဘေး ပုဒ်မများ၊ အစိုးရ လျှို့ ဝှက်ချက် ဥပဒေ၊ ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေး ဥပဒေတို့ဖြင့် စသည့် ပုဒ်မ များစွာတပ် အရေးယူထားသည်။

Zawgyi Version

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတဦးဝင္းျမင့္တို႔ကို အမိန႔္ ခ်ၿပီ

 

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ သမၼတ ဦးဝင္းျမင့္၊ ေနျပည္ေတာ္ ၿမိဳ႕ေတာ္ဝန္ ေဒါက္တာ မ်ိဳးေအာင္တို႔ကို ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅ (ခ) ျဖင့္ ေနျပည္ေတာ္ရွိ အထူးတရား႐ုံးက စြဲခ်က္တင္ အမိန႔္ကို ယေန႔ ခ်မွတ္လိုက္ေၾကာင္း သိရသည္။

“ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္နဲ႔ ေဒါက္တာ မ်ိဳးေအာင္တို႔ ၃ ေယာက္စလုံးကို ၅၀၅(ခ)နဲ႔ အမႈစြဲတင္ဖို႔ ဆုံးျဖတ္ခ်က္ အမိန႔္ခ်ပါတယ္။ အဲဒီေတာ့ အျပစ္ရွိလား၊မရွိလားေမးေတာ့ ဦးဝင္းျမင့္ေရာ၊ ေဒၚေအာင္ဆန္းစုၾကည္ေရာ၊ ေဒါက္တာမ်ိဳးေအာင္ေရာ၊ ၃ ဦး စလုံးက အျပစ္မရွိဘူးလို႔ ေျဖပါတယ္။ တရားခြင္အတြင္းမွာေျဖပါတယ္”ဟု ေရွ႕ေနတဦးက ေျပာသည္။

ယေန႔ ႐ုံးထုတ္စစ္ေဆးမႈတြင္ ၃ ဦးစလုံးကို ႐ုံးထုတ္စစ္ေဆးခဲ့ၿပီး သဘာဝေဘးအမႈအတြက္ လာမည့္ စက္တင္ဘာလ ၂၉ ရက္ေန႔သို႔ ခ်ိန္းဆိုလိုက္ေၾကာင္း၊ ေဒၚေအာင္ဆန္းစုၾကည္မွာ က်န္းမာေရး ေကာင္းမြန္ေသာ္လည္း ကားမူးေနေၾကာင္း ေရွ႕ေနအဖြဲ႕က ေျပာသည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို မႏၲေလးၿမိဳ႕တြင္ စြဲဆိုထားသည့္ ယခုလို အဂတိမႈမ်ားကို ေနျပည္ေတာ္တြင္ ယခုလို စစ္ေဆးမည့္အျပင္ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၅၀၅၊ သဘာဝေဘး ပုဒ္မမ်ား၊ အစိုးရ လွ်ိဳ႕ ဝွက္ခ်က္ ဥပေဒ၊ ပို႔ကုန္သြင္းကုန္ ဥပေဒ၊ ဆက္သြယ္ေရး ဥပေဒတို႔ျဖင့္ စသည့္ ပုဒ္မ မ်ားစြာတပ္ အေရးယူထားသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here