စစ်မှုထမ်းဟောင်းများကိုအခကြေးငွေနဲ့ ငှားရမ်းနေတဲ့ စစ်ကောင်စီ

0
419

စစ်မှုထမ်းဟောင်းများကိုအခကြေးငွေနဲ့ ငှားရမ်းနေတဲ့ စစ်ကောင်စီ

အာဏာသိမ်း စစ်ကောင်စီတွင် စစ်သည်အင်အား နည်းပါးလာသဖြင့် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ဒေသတချို့တွင် စစ်မှုထမ်းဟောင်းများကို တရက် ၈ဝဝဝ ပေးငှားရမ်း၍ ကင်းစောင့်ခိုင်းနေကြောင်း သတင်းရရှိသည်။

“ကျနော်တို့လမ်းထဲက စစ်မှုထမ်းဟောင်းတွေကို တစ်ရက် ၈ ထောင်ပေးပြီး ကင်းစောင့်ခိုင်းနေတာ။ ငှားတာတောင် ခြေပြတ်တဲ့လူတွေ မငှားဘူး။ ကျန်းမာရေးကောင်း ခြေလက်ပြည့်စုံတဲ့လူတွေကို ငှားတာ။ တစ်ရက် ၈ ထောင်နှုန်းနဲ့ ၈ ယောက် နေ့တိုငိးငှားပြီး ကင်းစောင့်ခိုင်းနေတာ ၂ လရှိပြီ”ဟု တပ်ကုန်းမြို့ခံတစ်ဦးက ပြောကြောင်း ဧရာဝတီတိုင်းမ် သတင်းမှာ ဖော်ပြထားပါသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်တွင် စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား “နစက စစ်ကောင်စီကို ထောက်ခံကြောင်း”ထောက်ခံပွဲများ ပြုလုပ်ရန် ဖိအားပေးခိုင်းစေမှုများ ပြုလုပ်ခဲ့သည်။

အာဏာသိမ်း စစ်ကောင်စီမှာ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းတွင်လည်း မြန်မာတနိုင်ငံလုံး၌ အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်ခဲ့ရာတွင် စာသင်ကျောင်းများ၌ လုံခြုံရေးစောင့်ဆိုင်းရန် စစ်မှုထမ်းဟောင်းများကို အသုံးပြုခဲ့ကြောင်း သိရသည်။

ထိုစဥ်က တနေ့ငှားရမ်းခ ၁ သောင်းကျပ်ပေးခဲ့သော်လည်း နောင်ပိုင်းတွင် စစ်မှုထမ်းဟောင်းများကို ၈ ထောင်ကျပ်သာ ပေးတော့ကြောင်း သိရသည်။

“ကျောင်းတွေစဖွင့်တုန်းက ရန်ကုန်တိုင်းက ကျောင်းတွေမှာ စစ်မှုထမ်းဟောင်းတွေကို ငှားပြီး စောင့်ခိုင်းတာ။ အဲ့တုန်းက တစ်ရက် ၁ သောင်းပေးတာ။ အခုကျတော့ ၈ ထောင်ဆိုတော့ ၂ ထောင်စျေးကျသွားတာ”ဟု ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှ စစ်မှုထမ်းဟောင်းများနှင့် နီးစပ်သူများက ပြောသည်။

လက်ရှိအချိန်အထိ စစ်ကောင်စီက စစ်မှုထမ်းဟောင်းများကို စစ်ဆေးရေးဂိတ်တချို့၊ ဧည့်စာရင်းစစ်ချိန်များနှင့် အင်အားအသုံးပြုရန် လိုအပ်ချိန်များတွင် ခေါ်ယူအသုံးပြုနေဆဲ ဖြစ်သည်။

ဧရာဝတီတိုင်းမ်

 

ZAWGYI VERSION

 

စစ္မႈထမ္းေဟာင္းမ်ားကိုအခေၾကးေငြနဲ႔ ငွားရမ္းေနတဲ့ စစ္ေကာင္စီ

အာဏာသိမ္း စစ္ေကာင္စီတြင္ စစ္သည္အင္အား နည္းပါးလာသျဖင့္ ေနျပည္ေတာ္၊ တပ္ကုန္းၿမိဳ႕ရွိ ေဒသတခ်ိဳ႕တြင္ စစ္မႈထမ္းေဟာင္းမ်ားကို တရက္ ၈ဝဝဝ ေပးငွားရမ္း၍ ကင္းေစာင့္ခိုင္းေနေၾကာင္း သတင္းရရွိသည္။

“က်ေနာ္တို႔လမ္းထဲက စစ္မႈထမ္းေဟာင္းေတြကို တစ္ရက္ ၈ ေထာင္ေပးၿပီး ကင္းေစာင့္ခိုင္းေနတာ။ ငွားတာေတာင္ ေျချပတ္တဲ့လူေတြ မငွားဘူး။ က်န္းမာေရးေကာင္း ေျခလက္ျပည့္စုံတဲ့လူေတြကို ငွားတာ။ တစ္ရက္ ၈ ေထာင္ႏႈန္းနဲ႔ ၈ ေယာက္ ေန႔တိုငိးငွားၿပီး ကင္းေစာင့္ခိုင္းေနတာ ၂ လရွိၿပီ”ဟု တပ္ကုန္းၿမိဳ႕ခံတစ္ဦးက ေျပာေၾကာင္း ဧရာဝတီတိုင္းမ္ သတင္းမွာ ေဖာ္ျပထားပါသည္။

စစ္ေကာင္စီက အာဏာသိမ္းၿပီးခ်ိန္တြင္ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ မိသားစုဝင္မ်ားအား “နစက စစ္ေကာင္စီကို ေထာက္ခံေၾကာင္း”ေထာက္ခံပြဲမ်ား ျပဳလုပ္ရန္ ဖိအားေပးခိုင္းေစမႈမ်ား ျပဳလုပ္ခဲ့သည္။

အာဏာသိမ္း စစ္ေကာင္စီမွာ ၿပီးခဲ့သည့္ ဇြန္လဆန္းပိုင္းတြင္လည္း ျမန္မာတႏိုင္ငံလုံး၌ အေျခခံပညာစာသင္ေက်ာင္းမ်ား ဖြင့္လွစ္ခဲ့ရာတြင္ စာသင္ေက်ာင္းမ်ား၌ လုံၿခဳံေရးေစာင့္ဆိုင္းရန္ စစ္မႈထမ္းေဟာင္းမ်ားကို အသုံးျပဳခဲ့ေၾကာင္း သိရသည္။

ထိုစဥ္က တေန႔ငွားရမ္းခ ၁ ေသာင္းက်ပ္ေပးခဲ့ေသာ္လည္း ေနာင္ပိုင္းတြင္ စစ္မႈထမ္းေဟာင္းမ်ားကို ၈ ေထာင္က်ပ္သာ ေပးေတာ့ေၾကာင္း သိရသည္။

“ေက်ာင္းေတြစဖြင့္တုန္းက ရန္ကုန္တိုင္းက ေက်ာင္းေတြမွာ စစ္မႈထမ္းေဟာင္းေတြကို ငွားၿပီး ေစာင့္ခိုင္းတာ။ အဲ့တုန္းက တစ္ရက္ ၁ ေသာင္းေပးတာ။ အခုက်ေတာ့ ၈ ေထာင္ဆိုေတာ့ ၂ ေထာင္ေစ်းက်သြားတာ”ဟု ရန္ကုန္တိုင္း၊ တိုက္ႀကီးၿမိဳ႕နယ္မွ စစ္မႈထမ္းေဟာင္းမ်ားႏွင့္ နီးစပ္သူမ်ားက ေျပာသည္။

လက္ရွိအခ်ိန္အထိ စစ္ေကာင္စီက စစ္မႈထမ္းေဟာင္းမ်ားကို စစ္ေဆးေရးဂိတ္တခ်ိဳ႕၊ ဧည့္စာရင္းစစ္ခ်ိန္မ်ားႏွင့္ အင္အားအသုံးျပဳရန္ လိုအပ္ခ်ိန္မ်ားတြင္ ေခၚယူအသုံးျပဳေနဆဲ ျဖစ္သည္။

ဧရာဝတီတိုင္းမ္

LEAVE A REPLY

Please enter your comment!
Please enter your name here