အင်အားတိုးချဲ့လာတဲ့ စကစနဲ့ KIAတို့ လဝါးကျေးရွာအနီးမှာ အကြိတ်အနယ်ဖိုက်ကြပြီ

0
498

အင်အားတိုးချဲ့လာတဲ့ စကစနဲ့ KIAတို့ လဝါးကျေးရွာအနီးမှာ အကြိတ်အနယ်ဖိုက်ကြပြီ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လဝါးကျေးရွာအနီးတွင် စစ်အင်အားတိုးချဲ့လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ယနေ့ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၆ နာရီခန့်မှစတင်ကာ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲကြောင့် လ က်န က် ကြီးသံများ ကြားနေရကြောင်း လဝါးကျေးရွာရှိ ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။

“လ က်န က်ကြီးသံက အကြိမ် ၂၀ နီးပါးပဲ တော်တော်ကျယ်တယ်၊ လဝါးကျေးရွာအနီးက ဘုန်းကြီးကျောင်းနားမှာ ဖြစ်တာတဲ့၊ ခုက ဆိုင်လင်းခနဲ့ နီးတယ် ဆိုင်လင်းခမှာလည်း ဟိုတစ်လောက်က စကစရဲ့ရိက္ခာတင်တဲ့ကားကို ကေအိုင်အေက မီးရှို့ပေးလိုက်တဲ့နေရာလေ” ဟု သူကပြောသည်။

လက်ရှိအချိန်တွင် တိုက်ပွဲနှင့်ပတ်သက်ပြီး လူအထိအခိုက် ရှိ၊ မရှိကို The 74 Media က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေးတပ် (KIA)တို့ကြား စက်တင်ဘာလ ၂၃ ရက်နေ့တွင် လွယ်လီချောင်းနှင့် ဒွမ်ဘွမ် အနီးရှိ တာဝါတိုင်နားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

ဩဂုတ် ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လ က်န က်ခဲရမ်းများနှင့် စားနပ်ရိက္ခာသယ်ဆောင်လာသည့် ခရီးသည်တင် ဘတ်စ်ကားတစ်စီးကို KIA ကချင်လွတ်မြောက်ရေးတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

Zawgyi Version

 

အင္အားတိုးခ်ဲ႕လာတဲ့ စကစနဲ႔ KIAတို႔ လဝါးေက်း႐ြာအနီးမွာ အႀကိတ္အနယ္ဖိုက္ၾကၿပီ

ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္၊ လဝါးေက်း႐ြာအနီးတြင္ စစ္အင္အားတိုးခ်ဲ႕လာသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA) က ယေန႔ စက္တင္ဘာလ ၂၅ ရက္ေန႔၊ နံနက္ ၆ နာရီခန႔္မွစတင္ကာ ၾကားျဖတ္တိုက္ခိုက္ခဲ့ၿပီး လက္ရွိအခ်ိန္ထိ တိုက္ပြဲျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။

တိုက္ပြဲေၾကာင့္ လ က္န က္ ႀကီးသံမ်ား ၾကားေနရေၾကာင္း လဝါးေက်း႐ြာရွိ ေဒသခံတစ္ဦးက The 74 Media ကို ေျပာသည္။

“လ က္န က္ႀကီးသံက အႀကိမ္ ၂၀ နီးပါးပဲ ေတာ္ေတာ္က်ယ္တယ္၊ လဝါးေက်း႐ြာအနီးက ဘုန္းႀကီးေက်ာင္းနားမွာ ျဖစ္တာတဲ့၊ ခုက ဆိုင္လင္းခနဲ႔ နီးတယ္ ဆိုင္လင္းခမွာလည္း ဟိုတစ္ေလာက္က စကစရဲ႕ရိကၡာတင္တဲ့ကားကို ေကအိုင္ေအက မီးရႈိ႕ေပးလိုက္တဲ့ေနရာေလ” ဟု သူကေျပာသည္။

လက္ရွိအခ်ိန္တြင္ တိုက္ပြဲႏွင့္ပတ္သက္ၿပီး လူအထိအခိုက္ ရွိ၊ မရွိကို The 74 Media က ဆက္လက္စုံစမ္းေနဆဲျဖစ္သည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားႏွင့္ ကခ်င္လြတ္ေျမာက္ေရးတပ္ (KIA)တို႔ၾကား စက္တင္ဘာလ ၂၃ ရက္ေန႔တြင္ လြယ္လီေခ်ာင္းႏွင့္ ဒြမ္ဘြမ္ အနီးရွိ တာဝါတိုင္နားတြင္ တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြားခဲ့သည္။

ဩဂုတ္ ၂၄ ရက္ေန႔တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ လ က္န က္ခဲရမ္းမ်ားႏွင့္ စားနပ္ရိကၡာသယ္ေဆာင္လာသည့္ ခရီးသည္တင္ ဘတ္စ္ကားတစ္စီးကို KIA ကခ်င္လြတ္ေျမာက္ေရးတပ္က မီးရႈိ႕ဖ်က္ဆီးခဲ့သည္။

LEAVE A REPLY

Please enter your comment!
Please enter your name here