ကျ ည် ထိမှန်သေဆုံးသူအဘိုးအိုအား ကားနဲ့ သုသာန်သို့ပို့ဆောင်ရာ အ ​ေ လ ာ င်းထမ်းပြီးပြေးရတဲ့အဖြစ်

0
1154

ကျ ည် ထိမှန်သေဆုံးသူအဘိုးအိုအား ကားနဲ့ သုသာန်သို့ပို့ဆောင်ရာ အ ​ေ လ ာ င်းထမ်းပြီးပြေးရတဲ့အဖြစ်

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာ၌ ရင်ဘတ် ကျ ည်ထိမှန်သေဆုံးခဲ့ရသည့် အသက် ၇၀ ဝန်းကျင်အရွယ်အဘိုးအို၏ရုပ်အ ​ေ လ ာင်းကို ကုန်းသာနာရေးကားနှင့် သုသာန်သို့ ပို့ဆောင်ရာ ယနေ့ (စက်တင်ဘာ ၂၇ ရက်) နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် မို င် းန င် းပြီး နာရေးကားပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအဘိုးအိုမှာ အသက် ၇၀ ၀န်းကျင်အရွယ်ရှိ ဦးကြီးကျော်ဆိုသူဖြစ်ပြီး ယမန်နေ့(စက်တင်ဘာ ၂၆ ရက်)တွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ကုန်းသာဒေသခံများ အပြန်အလှန် ပ
စ်ခတ်မှုဖြစ်ပွားစဉ် နေအိမ်တွင်နေထိုင်နေသည့် ဦးကြီးကျော်မှာ ရင်ဘတ် ကျ ည် ထိမှန် သေဆုံးခဲ့ရကြောင်း၊ ၎င်း၏ နာရေးအတွက် သုသာန်သို့ ပို့ဆောင်ရာတွင် ကုန်းသာသုသာန်အ၀င်လမ်း၌ နာရေးကား မို င်း ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း နာရေးပို့ဆောင်သည့်အဖွဲ့က လူမှုကွန်ရက်တွင် ရေးသားထားသည်။

မို င် း န င်းမိ၍ ကားရှေ့ဘယ်ဘက်ဘီးထိခိုက်ပျက်စီးခဲ့ပြီး ကားတွင်လိုက်ပါလာသူလေးဦးမှာ တစ်ဦးမှထိခိုက် မှုမရှိခဲ့ဘဲ ကားပျက်စီးသွားခဲ့သည့်အတွက် အဘိုးအို၏ရုပ် ​ေ လ ာင်းကို လမ်းလျှောက်ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် တိုက်ပွဲများကြောင့် ထိခိုက်ပျက်စီးမှုများရှိနေပြီး မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်များ၊ လ က် န က်ကြီး ကျ ည်ထိမှန်ပျက်စီးခြင်းများလည်း ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version

 






LEAVE A REPLY

Please enter your comment!
Please enter your name here