KIAတွေခြိမ်းခြောက်လို့ မြစ်ကြီးနားကနေလှည့်ပြန်ခဲ့ရတဲ့မအလ ပူတာအိုကို ထပ်သွားဖို့ စီစဉ်နေပြန်ပြီ

0
440

KIAတွေခြိမ်းခြောက်လို့ မြစ်ကြီးနားကနေလှည့်ပြန်ခဲ့ရတဲ့မအလ ပူတာအိုကို ထပ်သွားဖို့ စီစဉ်နေပြန်ပြီ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အောက်တိုဘာလလ ဆန်းပိုင်းတွင် ပူတာအိုသို့ သွားရောက်ရန် ထပ်မံစီစဉ်နေကြောင်း သတင်း ရရှိသည်။

စက်တင်ဘာလအကုန် အောက်တိုဘာလဆန်းပိုင်းလောက်တွင် စစ်ကောင်စီ ခေါင်းဆောင်နှင့် ထိပ်သီးခေါင်းဆောင်အချို့က ပူတာအို၊ နောင်မွန်နဲ့ ခေါင်လန် ဖူး အစရှိတဲ့ သုံးနေရာသို့ ပြန်လည် လာရောက်မှာဖြစ်သည်ဟု စစ်ဘက်သတင်း အရင်း အမြစ်များက ပြောသည်။

သို့သော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သော သတင်းအရင်းအမြစ်များ ကတော့ စစ်ခေါင်းဆောင်ကိုယ်တိုင် လာရောက်မှာမဟုတ်ဘဲ ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အခြားအရာရှိများသာ လာရောက်နိုင်ဖွယ် ရှိသည်ဟုဆိုသည်။

ထိပ်တန်းလျှို့ဝှက်ထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်အရာရှိကြီးများ၏ ပူတာအိုခရီးစဉ်အတွင်း ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များနှင့် လက်ရှိ နောင်မွန်နှင့် ခေါင်လန်ဖူး ဒေသ ပြည်သူ့စစ်လက်အောက်တွင် စစ်သင် တန်းတက်နေသော အဖွဲ့များနှင့်တွေ့ဆုံသွားဖို့ရှိနေနိုင်ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ကစပြီး နောင်မွန်နှင့် ခေါင်လန်ဖူးဒေသမှာ ဌာနေ ပြည်သူ့စစ်အဖွဲ့ကဦးဆောင်ပြီး ဒုတိယအကြိမ် စစ်သင်တန်းသင်ကြားပေးနေရာ နောင်မွန်မြို့မှာ စစ်သင်တန်းသား ၁၀၀ နီးပါးနှင့် ခေါင်လန်ဖူးဒေသတွင် သင်တန်းသား ၂၀၀ နီပါး တက်ရောက်နေသည်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်က ယခု စက်တင်ဘာလ ၁၈ရက်နေ့မှာ မြစ်ကြီးနားသို့ ရောက်ရှိခဲ့ပြီး၊ နှစ်ရက်တာအဖြစ်လာရောက်ခဲ့တဲ့ ဒီခရီးစဉ်မှာ လည်း စက်တက်ဘာလ ၁၉ရက်နေ့က ပူတာအိုဒေသသို့ သွားရောက်ဖို့အတွက် စီစဉ်ခဲ့ထားခဲ့သော်လည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၏ စစ်ရေး နည်းဗျုဟာ လုံခြုံရေးစီစဉ်ခဲ့ပြီးနောက် အဆိုပါခရီးစဉ်က ပျက်ပယ်သွားခဲ့ သည်။

ပထမအကြိမ် ပျက်ပယ်ခဲ့ရသည့် ပူတာအိုခရီးစဉ်တွင် စစ်ခေါင်းဆောင်ကမြို့ အတွင်း အခြေစိုက်ထားသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့၊ နောင်မွန်မြို့ အနီးက မဂွေဇပြည်သူ့စစ်အဖွဲ့များနှင့် တွေ့ဆုံရန် စီစဉ်ထားခဲ့သည်။

ဓာတ်ပုံ- ပူတာအိုတွင်ကျင်းပနေသည့် ပြည်သူ့စစ်သင်တန်း

Zawgyi Version

 

KIAေတြၿခိမ္းေျခာက္လို႔ ျမစ္ႀကီးနားကေနလွည့္ျပန္ခဲ့ရတဲ့မအလ ပူတာအိုကို ထပ္သြားဖို႔ စီစဥ္ေနျပန္ၿပီ

စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ ေအာက္တိုဘာလလ ဆန္းပိုင္းတြင္ ပူတာအိုသို႔ သြားေရာက္ရန္ ထပ္မံစီစဥ္ေနေၾကာင္း သတင္း ရရွိသည္။

စက္တင္ဘာလအကုန္ ေအာက္တိုဘာလဆန္းပိုင္းေလာက္တြင္ စစ္ေကာင္စီ ေခါင္းေဆာင္ႏွင့္ ထိပ္သီးေခါင္းေဆာင္အခ်ိဳ႕က ပူတာအို၊ ေနာင္မြန္နဲ႔ ေခါင္လန္ ဖူး အစရွိတဲ့ သုံးေနရာသို႔ ျပန္လည္ လာေရာက္မွာျဖစ္သည္ဟု စစ္ဘက္သတင္း အရင္း အျမစ္မ်ားက ေျပာသည္။

သို႔ေသာ္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ႏွင့္နီးစပ္ေသာ သတင္းအရင္းအျမစ္မ်ား ကေတာ့ စစ္ေခါင္းေဆာင္ကိုယ္တိုင္ လာေရာက္မွာမဟုတ္ဘဲ ဒုတပ္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္းႏွင့္ အျခားအရာရွိမ်ားသာ လာေရာက္ႏိုင္ဖြယ္ ရွိသည္ဟုဆိုသည္။

ထိပ္တန္းလွ်ိဳ႕ဝွက္ထားသည့္ အာဏာသိမ္းစစ္ေကာင္စီတပ္အရာရွိႀကီးမ်ား၏ ပူတာအိုခရီးစဥ္အတြင္း ဌာေနျပည္သူ႔စစ္အဖြဲ႕ဝင္မ်ားႏွင့္ လက္ရွိ ေနာင္မြန္ႏွင့္ ေခါင္လန္ဖူး ေဒသ ျပည္သူ႔စစ္လက္ေအာက္တြင္ စစ္သင္ တန္းတက္ေနေသာ အဖြဲ႕မ်ားႏွင့္ေတြ႕ဆုံသြားဖို႔ရွိေနႏိုင္ေၾကာင္း သတင္းရင္းျမစ္မ်ားက ေျပာသည္။

စက္တင္ဘာလ ၂၁ ရက္ေန႔ကစၿပီး ေနာင္မြန္ႏွင့္ ေခါင္လန္ဖူးေဒသမွာ ဌာေန ျပည္သူ႔စစ္အဖြဲ႕ကဦးေဆာင္ၿပီး ဒုတိယအႀကိမ္ စစ္သင္တန္းသင္ၾကားေပးေနရာ ေနာင္မြန္ၿမိဳ႕မွာ စစ္သင္တန္းသား ၁၀၀ နီးပါးႏွင့္ ေခါင္လန္ဖူးေဒသတြင္ သင္တန္းသား ၂၀၀ နီပါး တက္ေရာက္ေနသည္။

အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္က ယခု စက္တင္ဘာလ ၁၈ရက္ေန႔မွာ ျမစ္ႀကီးနားသို႔ ေရာက္ရွိခဲ့ၿပီး၊ ႏွစ္ရက္တာအျဖစ္လာေရာက္ခဲ့တဲ့ ဒီခရီးစဥ္မွာ လည္း စက္တက္ဘာလ ၁၉ရက္ေန႔က ပူတာအိုေဒသသို႔ သြားေရာက္ဖို႔အတြက္ စီစဥ္ခဲ့ထားခဲ့ေသာ္လည္း ကခ်င္လြတ္လပ္ေရးတပ္မေတာ္ (KIA)၏ စစ္ေရး နည္းဗ်ဳဟာ လုံၿခဳံေရးစီစဥ္ခဲ့ၿပီးေနာက္ အဆိုပါခရီးစဥ္က ပ်က္ပယ္သြားခဲ့ သည္။

ပထမအႀကိမ္ ပ်က္ပယ္ခဲ့ရသည့္ ပူတာအိုခရီးစဥ္တြင္ စစ္ေခါင္းေဆာင္ကၿမိဳ႕ အတြင္း အေျခစိုက္ထားသည့္ နယ္ေျမခံတပ္ရင္းတပ္ဖြဲ႕၊ ေနာင္မြန္ၿမိဳ႕ အနီးက မေဂြဇျပည္သူ႔စစ္အဖြဲ႕မ်ားႏွင့္ ေတြ႕ဆုံရန္ စီစဥ္ထားခဲ့သည္။

ဓာတ္ပုံ- ပူတာအိုတြင္က်င္းပေနသည့္ ျပည္သူ႔စစ္သင္တန္း

LEAVE A REPLY

Please enter your comment!
Please enter your name here