စစ်ဘေးကြောင့် ဒုက္ခရောက်နေကြရပါတယ်ဆို ခုတော့ သဘာ၀ဘေးအန္တရာယ်ကပါ..see more

0
388

စစ်ဘေးကြောင့် ဒုက္ခရောက်နေကြရပါတယ်ဆို ခုတော့ သဘာ၀ဘေးအန္တရာယ်ကပါ..see more

 

ချင်းပြည်နယ်မြောက်ပိုင်း ဖလန်းခရိုင် တီးတိန်မြို့နယ် ၊ ကလေး တီးတိန်ကားလမ်း ၊ ဆိုဇန်ကျေးရွာမှာ မိုးရွာသွန်းမှုများတာကြောင့် မနေ့ စက်တင်ဘာ ၂၇ မနက်အစောပိုင်းက မြေပြိုကျပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သစ်သီးကုန်သည်တွေက ပြောပါတယ်။

 

” ဆိုဇန်ရွာက ပန်းသီးထွက်တဲ့ဒေသဆိုတော့ ရွာထဲမှာ လူနေတာထက် တောင်ယာစိုက်ခင်းတွေမှာ လူနေတာကများတယ် ၊ အခုမြေပြိုကျတဲ့အခါ အိမ် ၃ လုံးနဲ့ ကား ၁ စီး မြေပိပျက်စီးတယ် ၊ အိမ် ၄ လုံးလည်း အရေးပေါ် ပြောင်းထားတာ ” လို့ သစ်သီးကုန်သည် တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ဆိုဇန်ရွာ မြေပြိုကျတာနဲ့ ပတ်သက်လို့ ကလေး တီးတိန် ကားလမ်း ယာယီ ပိတ်ထားရပေမယ့် အမြန်ဆုံး လမ်းပြန်ဖွင့်ဖို့ လုပ်ဆောင်ပေးနေကြတယ်လို့ သိရပါတယ်။

 

တီးတိန်မြို့နယ်ရဲ့ ကျေးလက်လူနေမှု ပုံစံတွေဟာ မြင့်မား မတ်စောက်တဲ့ တောင်နံရံတွေမှာ စုဝေးနေထိုင်ကြတာများပြီး အခုလို မိုးရာသီကာလမှာ မကြာခဏ မြေပြိုကြတဲ့ သဘာဝ ဘေးအန္တရာယ်တွေ ကျရောက်တတ်တာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲ့ဒီ ချင်းပြည်နယ်မြောက်ပိုင်း တွန်းဇံမြို့နယ်ထဲမှာ မြေပြိုကျတာကို ရှင်းလင်းဖယ်ရှားပေးနေတဲ့ မြေထိုး ယာဥ် ၁ စီး တောင်အောက်ပြုတ်ကျတဲ့ ဖြစ်စဉ် ဖြစ်ခဲ့ပါသေးတယ်။

 

Zawgyi Version

 

 

 

စစ္ေဘးေၾကာင့္ ဒုကၡေရာက္ေနၾကရပါတယ္ဆို ခုေတာ့ သဘာ၀ေဘးအႏၲရာယ္ကပါ..see more

 

ခ်င္းျပည္နယ္ေျမာက္ပိုင္း ဖလန္းခ႐ိုင္ တီးတိန္ၿမိဳ႕နယ္ ၊ ကေလး တီးတိန္ကားလမ္း ၊ ဆိုဇန္ေက်း႐ြာမွာ မိုး႐ြာသြန္းမႈမ်ားတာေၾကာင့္ မေန႔ စက္တင္ဘာ ၂၇ မနက္အေစာပိုင္းက ေျမၿပိဳက်ၿပီး လူေနအိမ္ေတြ ထိခိုက္ပ်က္စီးခဲ့တယ္လို႔ သစ္သီးကုန္သည္ေတြက ေျပာပါတယ္။

 

” ဆိုဇန္႐ြာက ပန္းသီးထြက္တဲ့ေဒသဆိုေတာ့ ႐ြာထဲမွာ လူေနတာထက္ ေတာင္ယာစိုက္ခင္းေတြမွာ လူေနတာကမ်ားတယ္ ၊ အခုေျမၿပိဳက်တဲ့အခါ အိမ္ ၃ လုံးနဲ႔ ကား ၁ စီး ေျမပိပ်က္စီးတယ္ ၊ အိမ္ ၄ လုံးလည္း အေရးေပၚ ေျပာင္းထားတာ ” လို႔ သစ္သီးကုန္သည္ တစ္ေယာက္က ေျပာပါတယ္။

 

အဲ့ဒီ ဆိုဇန္႐ြာ ေျမၿပိဳက်တာနဲ႔ ပတ္သက္လို႔ ကေလး တီးတိန္ ကားလမ္း ယာယီ ပိတ္ထားရေပမယ့္ အျမန္ဆုံး လမ္းျပန္ဖြင့္ဖို႔ လုပ္ေဆာင္ေပးေနၾကတယ္လို႔ သိရပါတယ္။

 

တီးတိန္ၿမိဳ႕နယ္ရဲ႕ ေက်းလက္လူေနမႈ ပုံစံေတြဟာ ျမင့္မား မတ္ေစာက္တဲ့ ေတာင္နံရံေတြမွာ စုေဝးေနထိုင္ၾကတာမ်ားၿပီး အခုလို မိုးရာသီကာလမွာ မၾကာခဏ ေျမၿပိဳၾကတဲ့ သဘာဝ ေဘးအႏၲရာယ္ေတြ က်ေရာက္တတ္တာျဖစ္ပါတယ္။

 

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း အဲ့ဒီ ခ်င္းျပည္နယ္ေျမာက္ပိုင္း တြန္းဇံၿမိဳ႕နယ္ထဲမွာ ေျမၿပိဳက်တာကို ရွင္းလင္းဖယ္ရွားေပးေနတဲ့ ေျမထိုး ယာဥ္ ၁ စီး ေတာင္ေအာက္ျပဳတ္က်တဲ့ ျဖစ္စဥ္ ျဖစ္ခဲ့ပါေသးတယ္။

LEAVE A REPLY

Please enter your comment!
Please enter your name here