သူ့ရဲ့ယုတ်မာလွန်းတဲ့ လုပ်ရပ်ကြောင့် အ ပြ တ်ရှ င်းခံလိုက်ရတဲ့ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး

0
421

သူ့ရဲ့ယုတ်မာလွန်းတဲ့ လုပ်ရပ်ကြောင့် အပြတ်ရှင်းခံလိုက်ရတဲ့ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ပင်စုကျေးရွာနေ ကြံ့ခိုင်ရေးပါတီ စည်းရုံးရေးမှူး တစ်ယောက်ကို စက်တင်ဘာ ၂၈ ရက် ဒီနေ့မနက် ၁၁ နာရီလောက်မှာ ​ေ သ န တ်နဲ့ပ စ် သ တ်ရှင်းလင်းခဲ့တယ်လို့ ခင်ဦးစားချစ်ညိုအဖွဲ့က အတည်ပြုပြောပါတယ်။

သေဆုံးသူဟာ သရက်ပင်စုကျေးရွာက အသက် ၄၅ နှစ်အရွယ် ကိုဝင်းသူရ ဖြစ်ပြီး သရက်ပင်စုကျေးရွာနဲ့ အင်းပတ်ကျေးရွာကြား ခင်ဦး-ရေဦး ကားလမ်းပေါ်မှာ ​ေ သ န တ်ဒဏ်ရာ သုံးချက်နဲ့ သေဆုံးနေတာလို့ သိရပါတယ်။

ဒေသခံတစ်ဦးက “ကြံ့ခိုင်ရေးပါတီရဲ့ စည်းရုံးရေးမှူးလည်း ဖြစ်တယ်။ ပျူစောထီးအဖွဲ့လည်း ဝင်ထားတယ်။ ဒီပဲယင်းအရေးအခင်းမှာလည်း ပါဝင်ခဲ့တယ်လို့ ပါတီစည်းရုံးရေးမှာ သူကိုယ်တိုင် ဂုဏ်ယူပြီးပြောဆို‌လေ့ရှိတယ်။

ပြီးခဲ့တဲ့မေလလောက်က သူနဲ့မတည့်တဲ့ (ရန်ငြိုးရှိတဲ့)ဘုန်းကြီး ကျောင်းကို လ က် န က် လုပ်တယ်ဆိုပြီး သတင်းပေးခဲ့လို့ ဘုန်းကြီးကျောင်းကို လာရှာ မွှေနှောက်သေး တယ်။ ဘာမှမတွေ့တော့ ဘုန်းကြီးကျောင်းက ဆန်ပိုင်းတွေ။ ဆီပုံးတွေကို စစ်တပ်က သယ်သွားတာလည်း ခံရဘူးတယ်”လို့ ပြောပါတယ်။

ခင်ဦးစားချစ်ညိုအဖွဲ့ဟာ စစ်ကောင်စီရဲ့ထောက်တိုင်မှန်သမျှကို အမြစ်ပါမကျန်တော်လှန် တိုက်ခိုက်သွားမယ်လို့ အသိပေးကြေညာထားပါတယ်။

Zawgyi Version

 







LEAVE A REPLY

Please enter your comment!
Please enter your name here