သထုံမြို့မှာတဲ့ဗျာ ရွာသား ၂ ဦးကို လမ်းမကြီးမှာ ကြိုးတုပ်ပြီး……see more

0
510

သထုံမြို့မှာတဲ့ဗျာ ရွာသား ၂ ဦးကို လမ်းမကြီးမှာ ကြိုးတုပ်ပြီး……see more

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာမှာ စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက အပြစ်မဲ့ ဒေသခံရွာသားနှစ်ယောက်ကို အ   ကြ မ်းဖက် စစ်ကောင်စီရဲ့တပ်က ဖမ်းဆီးပြီး ညှဉ် းပ န်း နှိ ပ်   စက်ခဲ့တယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

ပိန္နဲတောအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၈) လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ- ၄၀၆ လှုပ်ရှားစစ်ကြောင်းက ဝီရောကျေးရွာ ကားလမ်းမပေါ်မှာ ပလယ်ပျူရွာသားနဲ့ ထီးညာလူရွာသား နှစ်ယောက်ကို ဖမ်းဆီးပြီး ညှ င်းပန် းနှိ ပ်စက်ခဲ့တာလို့ ဆိုပါတယ်။

ခမရ- ၄၀၆ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေယံဉီး ဦးဆောင်တဲ့ လှုပ်ရှားစစ်​ကြာင်းက ဝီရောကျေးရွာ ကားလမ်းမပေါ်မှာ အပြစ်မဲ့ ရွာသားနှစ်ဦးကို ဖ မ်းဆီးရို က်နှက်ခဲ့ရာမှာ ညပိုင်းမှာ ပြန်လည်လွှတ်ပေးခဲ့တယ်လို့ မျက်မြင်တွေရှိတဲ့ ဒေသခံတွေက ဆိုပါတယ်။

ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးက”အခုလို အပြစ်မဲ့ပြည်သူတွေကို လမ်းပေါ်မှာ ကြို းတု  ပ်ပြီး နှိ   ပ်စ   က်တာကတော့ ဘယ်လိုမှ မဖြစ်သင့်ဘူး။ လ က် န က်အားကိုးနဲ့ လ က်န က် မရှိသူကို အနိုင်ကျင့်တာ”လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့တပ် ခမရ ၄၀၆ ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်နေ့က သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာက ဆီဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးသွားသလို ဒေသခံတွေကို ခြိမ်းခြောက်ခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here