မိုးကုတ်က Delivery ဖွင့်ထားတဲ့ အိမ်လေးကို စခန်းတစ်ခု၀င်သိမ်းတဲ့ပုံစံဖြင့် စကစတွေ….see more

0
516

မိုးကုတ်က Delivery ဖွင့်ထားတဲ့ အိမ်လေးကို စခန်းတစ်ခု၀င်သိမ်းတဲ့ပုံစံဖြင့် စကစတွေ….see more

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အစားအသောက် ပို့ဆောင်ရေး( Delivery )လုပ်ငန်း လုပ်ကိုင်နေသည့်
လူငယ်ငါးဦးနှင့် ဇနီး‌မောင်နှံ နှစ်ဦး စုစုပေါင်း
လူငယ် ခုနှစ်ဦးကို စစ်ကောင်စီတပ်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့၏ မိသားစုဝင်များထံက သိရသည်။

မိုးကုတ်မြို့ ၊ အရှေ့ပိုင်း ဘီးတောင်ရပ်ကွက်တွင်
စက်တင်ဘာလ ၂၈ ရက် မနက် ၄ နာရီခန့်က
‘မိုးကုတ် Delivery’ နာမည်ဖြင့် ရုံခန်းဖွင့်ကာ အာဏာမသိမ်းခင် ကတည်းက အစား‌အသောက်များ ပို့ဆောင်ပေးနေသည့် လူငယ်များကို စစ်ကောင်စီတပ်သား ၄၀ ကျော်က စစ်ကားလေးစီးဖြင့် ဝင်‌ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဖမ်းဆီးခံရသည့်လူငယ်တစ်ဦး၏ မိသားစုဝင်က မဇ္ဈိမကို ပြောသည်။

” သူတို့က ကိုဗစ်-19 ကာလမှာ အပြင်ထွက်မရတဲ့သူတွေအတွက် ပစ္စည်းတွေ ပို့ပေးတဲ့ လူငယ်တွေပါ။ အာဏာသိမ်းပြီးနောက်လည်း ဆက်လုပ်နေတာပေါ့။ စကစ တွေက စခန်းတစ်ခုကို ဝင်သိမ်းသလိုလုပ်တာ။ ကလေးတွေက ဘာမှမလုပ်တော့ ဝင်ဖမ်းတာတောင်မသိဘူး။ အိပ်နေကြတာ။ အခုလည်း မိုးကုတ်က ဗျူဟာကုန်းမှာ စစ်ဆေးနေတယ်လို့ သိရတယ်။ အတင်းအ ဓ မ္မ စစ်ဆေးဝန်ခံခိုင်းမှာပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသည့် လူငယ်များသည် ၎င်းတို့ရုံးခန်းမှာပင် စုအိပ်ကာ အလုပ်လုပ်ကြခြင်းဖြစ်သည်။

” တစ်နိုင်ငံလုံးမှာက အခုလို မဆိုင်ဘဲ ဖမ်းခံရတဲ့ အဖြစ်အပျက်တွေက အများကြီးရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ဒါကို လက်ပိုက်ကြည့်နေလို့ မရတော့ဘူး ။ မြန်မြန်ဆန်ဆန်နဲ့ ဝိုင်းတုန့်ပြန်ဖို့လိုပါတယ် “ဟု ဖမ်းဆီးခံရသည့်လူငယ်တစ်ဦး၏ မိသားစုဝင်က ဆိုသည်။

စစ်ကောင်စီတပ်များမှ ဝင်ရောက်ဖမ်းဆီးချိန်တွင် Delivery လုပ်ငန်းသုံး ဆိုင်ကယ် လေးစီး ၊ Loptop နှင့် ဖုန်း ၁၀ လုံး ကိုသိမ်းယူသွားသည့်အပြင် ရုံးခန်းအတွင်းရှိ ပစ္စည်းများကိုလည်း ဖျက်ဆီးသွားကြောင်း သိရသည်။

 

Zawgyi Version

 

မိုးကုတ္က Delivery ဖြင့္ထားတဲ့ အိမ္ေလးကို စခန္းတစ္ခု၀င္သိမ္းတဲ့ပုံစံျဖင့္ စကစေတြ….see more

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕တြင္ အစားအေသာက္ ပို႔ေဆာင္ေရး( Delivery )လုပ္ငန္း လုပ္ကိုင္ေနသည့္
လူငယ္ငါးဦးႏွင့္ ဇနီး‌ေမာင္ႏွံ ႏွစ္ဦး စုစုေပါင္း
လူငယ္ ခုႏွစ္ဦးကို စစ္ေကာင္စီတပ္မ်ားမွ ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း ၎တို႔၏ မိသားစုဝင္မ်ားထံက သိရသည္။

မိုးကုတ္ၿမိဳ႕ ၊ အေရွ႕ပိုင္း ဘီးေတာင္ရပ္ကြက္တြင္
စက္တင္ဘာလ ၂၈ ရက္ မနက္ ၄ နာရီခန႔္က
‘မိုးကုတ္ Delivery’ နာမည္ျဖင့္ ႐ုံခန္းဖြင့္ကာ အာဏာမသိမ္းခင္ ကတည္းက အစား‌အေသာက္မ်ား ပို႔ေဆာင္ေပးေနသည့္ လူငယ္မ်ားကို စစ္ေကာင္စီတပ္သား ၄၀ ေက်ာ္က စစ္ကားေလးစီးျဖင့္ ဝင္‌ေရာက္ဖမ္းဆီးခဲ့ျခင္း ျဖစ္သည္ဟု ဖမ္းဆီးခံရသည့္လူငယ္တစ္ဦး၏ မိသားစုဝင္က မဇၩိမကို ေျပာသည္။

” သူတို႔က ကိုဗစ္-19 ကာလမွာ အျပင္ထြက္မရတဲ့သူေတြအတြက္ ပစၥည္းေတြ ပို႔ေပးတဲ့ လူငယ္ေတြပါ။ အာဏာသိမ္းၿပီးေနာက္လည္း ဆက္လုပ္ေနတာေပါ့။ စကစ ေတြက စခန္းတစ္ခုကို ဝင္သိမ္းသလိုလုပ္တာ။ ကေလးေတြက ဘာမွမလုပ္ေတာ့ ဝင္ဖမ္းတာေတာင္မသိဘူး။ အိပ္ေနၾကတာ။ အခုလည္း မိုးကုတ္က ဗ်ဴဟာကုန္းမွာ စစ္ေဆးေနတယ္လို႔ သိရတယ္။ အတင္းအ ဓ မၼ စစ္ေဆးဝန္ခံခိုင္းမွာေပါ့ဗ်ာ” ဟု ၎က ဆိုသည္။

ဖမ္းဆီးခံရသည့္ လူငယ္မ်ားသည္ ၎တို႔႐ုံးခန္းမွာပင္ စုအိပ္ကာ အလုပ္လုပ္ၾကျခင္းျဖစ္သည္။

” တစ္ႏိုင္ငံလုံးမွာက အခုလို မဆိုင္ဘဲ ဖမ္းခံရတဲ့ အျဖစ္အပ်က္ေတြက အမ်ားႀကီးရွိတယ္။ ကြၽန္ေတာ္တို႔ ယဥ္ေက်းတဲ့ လူ႔အဖြဲ႕အစည္းက ဒါကို လက္ပိုက္ၾကည့္ေနလို႔ မရေတာ့ဘူး ။ ျမန္ျမန္ဆန္ဆန္နဲ႔ ဝိုင္းတုန႔္ျပန္ဖို႔လိုပါတယ္ “ဟု ဖမ္းဆီးခံရသည့္လူငယ္တစ္ဦး၏ မိသားစုဝင္က ဆိုသည္။

စစ္ေကာင္စီတပ္မ်ားမွ ဝင္ေရာက္ဖမ္းဆီးခ်ိန္တြင္ Delivery လုပ္ငန္းသုံး ဆိုင္ကယ္ ေလးစီး ၊ Loptop ႏွင့္ ဖုန္း ၁၀ လုံး ကိုသိမ္းယူသြားသည့္အျပင္ ႐ုံးခန္းအတြင္းရွိ ပစၥည္းမ်ားကိုလည္း ဖ်က္ဆီးသြားေၾကာင္း သိရသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here