တစ်ရွာလုံးနီးပါး ကျောက်ကပ်တွေထုတ်ရောင်းခဲ့ကြလို့

0
626

တစ်ရွာလုံးနီးပါး ကျောက်ကပ်တွေထုတ်ရောင်းခဲ့ကြလို့

နီပေါနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာဟာ ခန္ဓာကိုယ်မှာရှိတဲ့ ကျောက်ကပ်တွေကို ရောင်းထုတ်ပြီး ငွေရှာခဲ့တာကြောင့် စိတ်ဝင်စား စရာဖြစ် ခဲ့ပါတယ်။ ဒီကျေးရွာမှာ နေထိုင်ကြတဲ့ အရွယ် ရောက်တဲ့သူ အားလုံးဟာ ကျောက်ကပ်တွေကို ရောင်းထုတ်ခဲ့တာကြောင့်မို့လို့ ရွာရဲ့အမည်ကို ကျောက်ကပ်ရွာ လို့တောင် အမည်ပေး ထားပါတယ်။ ဟော့ဆီလို့ အမည်ရတဲ့ ရွာလေးမှာ နေထိုင်သူ တွေဟာ ခန္ဓာ ကိုယ် အတွင်းပိုင်း ကလီစာတွေကို မှောင်ခိုရောင် ချနေသူတွေရဲ့ ဆွဲဆောင်မှုကြောင့် ကျောက်ကပ်တွေ ရောင်းထုတ် ခဲ့တာဖြစ်ပါတယ်။

 

ဒီလိုရောင်း ထုတ်တဲ့ အထဲမှာ အသက်(၃၇) နှစ်အရွယ်အမျိုး သမီး ဂီတာလည်း ပါဝင်ခဲ့ပါတယ်။ ယောက်မ ဖြ စ်သူရဲ့ ဆွဲဆောင် မှုကြောင့် ကျောက်ကပ်ကို ရော င်းချခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ် ခွဲထုတ်မှုကို အိန္ဒိယနိုင်ငံထဲမှာ ပြုလုပ်ခဲ့ တာဖြစ်ပါ တယ်။ဟော့ဆီရွာဟာ မြို့တော် ခတ္တုမန္ဒူ ကနေ (၁၂) မိုင်သာဝေးတဲ့ နေရာမှာရှိ နေတာပါ။ ဂီတာဟာ ကျောက်ကပ်ကို ရောင်းခဲ့တာကြောင့် ပေါင်( ၁၂၀၀) ရရှိခဲ့ပါတယ်။

 

ရလာတဲ့ ငွေကြေးကို နေစရာ အိမ်တလုံးကို တည်ဆောက် ခဲ့ပါတယ်။ ဒါ ပေမဲ့လဲ ကံဆိုးခဲ့ပြီး နေအိမ်ဟာ မကြာမီက လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် ပျက်စီးသွားပတယ်။ ဂီတာ အတွက် ဝမ်းနည်းစရာ ဖြစ်သွားပါ တယ်။အသက်ကို ရင်းပြီး ကျောက်ကပ်ကို ရောင်းခဲ့ပေမယ့် အရာအားလုံး ပျက်စီးမှုနဲ့ ကြုံခဲ့ရပါ တယ်။ ကလေး လေးယောက် အမေ အိမ်ခြေမဲ့ တဦးဖြစ်တဲ့ ဂီတာဟာ ကျောက်ကပ်ကို မသိနားမလည်မှုနဲ့ ရောင်းခဲ့ တာကြောင့် နောင်တရ မဆုံးဖြစ်ခဲ့ပါတ ယ်။

 

ဟော့ဆီ ကျေးရွာမှာ နေထိုင်သူ အများစုဟာခန္ဓာကိုယ်ရဲ့ အတွင်းပိုင်း ကလီစာတွေကို မှောင် ခိုရောင်းချ နေသူတွေရဲ့ လိမ်လည် ပြောဆိုမှုတွေကို ယုံကြည် ခဲ့ပါတယ်။ ကျောက်ကပ်ကို ရောင်းပါက ဘာမှဖြစ်မှာ မဟုတ်ဘဲ ကျောက်ကပ်က အ လိုအလျောက် ပြန်ရရှိ လိမ့်မယ်လို့ လိမ်ညာကာပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here