စစ်​ကောင်စီ သုံးရန် သီးသန့် သွယ်တန်းထား​သော ဓါတ်အားလိုင်း တာဝါတိုင်များကို ဖယ်ခုံ PDF က မို င်းခွဲဖျက်ဆီး

0
303

စစ်​ကောင်စီ သုံးရန် သီးသန့် သွယ်တန်းထား​သော ဓါတ်အားလိုင်း တာဝါတိုင်များကို ဖယ်ခုံ PDF က မို င်းခွဲဖျက်ဆီး

အောက်ဆုံးတွင်videoပါသည်….

ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြား လွယ်ဟဲကျေးရွာအနီးရှိ လောပိတအမှတ် ၃ လျှပ်စစ်ဓါတ်အားစက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသည့် မဟာဓါတ်အားလိုင်း တာဝါတိုင် ၂ ခုကို သြဂုတ်လ ၁၂ ရက် ညနေ ၃ နာရီခွဲတွင် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မို
င်းခွဲဖျက်ဆီးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

 

အဆိုပါ တာဝါတိုင် ၂ ခုသည် လောပိတမှ နေပြည်တော်၊ လောပိတမှ မန္တလေး သို့သွယ်တန်းထားသော မဟာဓါတ်အားလိုင်း ၂ ခုအနက် ပြည်သူလူထုများအတွက် သုံးစွဲရန် မဟုတ်ဘဲ စစ်ကောင်စီသီးသန့် သုံးစွဲရန် သွယ်တန်းထားသော ဓါတ်အားလိုင်းများဖြစ်သည်ဟု ဖယ်ခုံ PDF ထံမှ သိရသည်။

ယင်းသို့ ဖေ ာက်ခွဲ ဖျက် ဆီးပြီးနောက် သြဂုတ်လ ၁၄ ရက် တွင် စစ်ကောင်စီနှင့် ပြည်သူ့စစ် PNO အဖွဲ့များက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ထိုးစစ်ဆင်တိုက်ခိုက်ပြီး လယ်ဟွဲကျေးရွာနှင့် ပင်ပုံရွာ အနီးတွင် တိုင်းပွဲပြင်းထန်ခဲ့ပြီး မို
င်းခွဲတိုက်ခိုက်ခံရခြင်းကြောင့် စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်ဖွဲ့အများအပြားကျဆုံးခဲ့သည်ဟု PDF ဖယ်ခုံက ယနေ့ ထုတ်ပြန်ထားသည်။

 

အထိနာခဲ့သော စစ်ကောင်စီသည် သြဂုတ်လ ၁၅ ရက်တွင် ဖယ်ခုံမြို့နယ်အတွင်းရှိ အဆိုပါဒေသသို့ လွိုင်ကော်မှ စစ်ကား ၃၈ စီး စစ်သည်အင်အား ၄၀၀ ကျော်ခန့်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီကို ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

videoကြည့်ရန်..

LEAVE A REPLY

Please enter your comment!
Please enter your name here