ပေါက် မြို့နယ် ဇီးပြားရဲစခန်းကို PDF တွေ ဝင်တိုက်ပြီ

0
456

ပေါက် မြို့နယ် ဇီးပြားရဲစခန်းကို PDF တွေ ဝင်တိုက်ပြီ

 

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အကြားရှိ ဇီးပြားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ် PDF က အောက်တိုဘာလ ၁၂ ရက်နေ့ ည ၉ နာရီတွင် ဝင်တိုက်ပြီး မီးရှို့ခဲ့ကာ ရဲ ၂ ဦး​ေ သ ဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရရှိမှုများပြားနိုင်ကြောင်း မြိုင် PDF က ပြောသည်။

“Myaing PDF သည် ပေါက်မြောက်ပိုင်းPDF အဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့ ၁၂ အောက်တိုဘာ ည ၉ နာရီခန့် မှ ၁၀ နာရီအထိ အချိန် ၁နာရီခန့် ပေါက်မြို့နယ် နှင့် မြိုင်နယ်ကြားရှိ ဇီးပြားရဲစခန်း အား ဝင်ရောက် ပ စ် ခ တ်ခဲ့ပါသည်။

စစ်ကောင်စီ မှ ရဲ ၂ ဦးခန့် ​ေ သ ဆုံးပြီး အထိအခိုက်များရှိသည်ဟု ခန့်မှန်းရပါသည်။ ရဲများ စခန်းကို စွန့်ခွာကာ အနီးနားရှိ တောင်ကုန်းပေါ်မှ ပြန်လည် ပ စ် ခတ်သောကြောင့် စခန်းအား မီးရှို့နေရင်း အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်” ဟု မြိုင်PDF က သတင်းထုတ်ပြန်သည်။

လက်ရှိတွင် စစ်ကိုင်း၊မုံရွာမြို့နယ် အပါအဝင် တိုင်းဒေသကြီး များတွင် ရဲကင်းစခန်းများကို ပ စ် မှ တ် ထားတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလိုဖြစ်ပေါ်လျက်ရှိသည်။

ဓာတ်ပုံ- ဇီးပြားရဲစခန်းမှ ရဲတချို့ ၂၀၂၀ တွင် ကျေးရွာများလိုက်၍ မှုခင်း အသိပညာပေး ဟောပြောနေပုံ။

Zawgyi Version

 

ေပါက္ ၿမိဳ႕နယ္ ဇီးျပားရဲစခန္းကို PDF ေတြ ဝင္တိုက္ၿပီ

 

မေကြးတိုင္း၊ ၿမိဳင္ၿမိဳ႕နယ္ႏွင့္ေပါက္ၿမိဳ႕နယ္အၾကားရွိ ဇီးျပားရဲစခန္းကို ျပည္သူ႔ကာကြယ္ေရးတပ္ PDF က ေအာက္တိုဘာလ ၁၂ ရက္ေန႔ ည ၉ နာရီတြင္ ဝင္တိုက္ၿပီး မီးရႈိ႕ခဲ့ကာ ရဲ ၂ ဦး​ေ သ ဆုံးႏိုင္ၿပီး ထိခိုက္ဒဏ္ရာရရွိမႈမ်ားျပားႏိုင္ေၾကာင္း ၿမိဳင္ PDF က ေျပာသည္။

“Myaing PDF သည္ ေပါက္ေျမာက္ပိုင္းPDF အဖြဲ႕ႏွင့္ ပူးေပါင္းကာ ယမန္ေန႔ ၁၂ ေအာက္တိုဘာ ည ၉ နာရီခန႔္ မွ ၁၀ နာရီအထိ အခ်ိန္ ၁နာရီခန႔္ ေပါက္ၿမိဳ႕နယ္ ႏွင့္ ၿမိဳင္နယ္ၾကားရွိ ဇီးျပားရဲစခန္း အား ဝင္ေရာက္ ပ စ္ ခ တ္ခဲ့ပါသည္။

စစ္ေကာင္စီ မွ ရဲ ၂ ဦးခန႔္ ​ေ သ ဆုံးၿပီး အထိအခိုက္မ်ားရွိသည္ဟု ခန႔္မွန္းရပါသည္။ ရဲမ်ား စခန္းကို စြန႔္ခြာကာ အနီးနားရွိ ေတာင္ကုန္းေပၚမွ ျပန္လည္ ပ စ္ ခတ္ေသာေၾကာင့္ စခန္းအား မီးရႈိ႕ေနရင္း အထိအခိုက္မရွိ ျပန္လည္ ဆုတ္ခြာႏိုင္ခဲ့သည္” ဟု ၿမိဳင္PDF က သတင္းထုတ္ျပန္သည္။

လက္ရွိတြင္ စစ္ကိုင္း၊မုံ႐ြာၿမိဳ႕နယ္ အပါအဝင္ တိုင္းေဒသႀကီး မ်ားတြင္ ရဲကင္းစခန္းမ်ားကို ပ စ္ မွ တ္ ထားတိုက္ခိုက္မႈမ်ား ဆက္တိုက္ဆိုသလိုျဖစ္ေပၚလ်က္ရွိသည္။

ဓာတ္ပုံ- ဇီးျပားရဲစခန္းမွ ရဲတခ်ိဳ႕ ၂၀၂၀ တြင္ ေက်း႐ြာမ်ားလိုက္၍ မႈခင္း အသိပညာေပး ေဟာေျပာေနပုံ။

LEAVE A REPLY

Please enter your comment!
Please enter your name here