ခေါင်းဆောင်အားလုံးရဲ့ အသက် အန္တရာယ် အမတန်မှ စိုးရိမ်နေရတဲ့ အနေအထားမှာရှိနေ

0
473

ခေါင်းဆောင်အားလုံးရဲ့ အသက် အန္တရာယ် အမတန်မှ စိုးရိမ်နေရတဲ့ အနေအထားမှာရှိနေ

“ကျနော်တို့ အနေနဲ့ စိုးရိမ်မှုရှိပါတယ်။ အခု ဦးဖြိုးမင်းသိန်း ကိစ္စဆိုရင် လိမ်ပြီး တော့ ထွက်ဆိုခိုင်းထားတဲ့အတွက် ဘယ်သူက ဘယ်လို ခိုင်းထားပါတယ်ဆိုတာကို ပြန်ပြောနိုင်ဖို့အတွက် သူ့ကိုထပ်ပြီးတော့ အခွင့် အရေးပေးမှာ မဟုတ်တော့ပါဘူး။

သူဟာအချိန်မရွေး​ေ   သ  သွားနိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်အမှု ပြီးသွားတာနဲ့ သူသေသွားနိုင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ရင်လည်းသူ့ရဲ့ ကျန်းမာရေးတင်မကဘူး၊ အသက်အန္တရာယ်ပါ ကျနော်တို့စိုးရိမ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ မင်းအောင်လှိုင်က ပြောပြီးသား ၊သူမလုပ်ရဲတာ ဘာမှမရှိဘူးလို့။ သူ့အနေနဲ့ သွားရတော့မယ့်သူဖြစ်နေတယ်၊ သူ့အနေနဲ့ ရွေးချယ်စရာလမ်းမရှိတော့ဘူး။

သူ့အနေနဲ့က ထောင်နဲ့​ေ   သ  လမ်းပဲရှိတယ်။ အဲဒီလိုအခြေအနေမျိုးကြောင့် သူ့အပေါ်မှာယုံကြည်လို့မရသလို တရားရုံးတွေအပေါ်မှာလည်း ယုံကြည်လို့ မရဘူးဆိုတဲ့အတွက် ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရော၊

သူတို့လက်ထဲမှာအဖမ်းခံနေရတဲ့ခေါင်းဆောင်တွေ၊ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် အားလုံးရဲ့ အသက်အန္တရာယ်ဟာ အင်မတန်မှ စိုးရိမ်ရတဲ့အနေအထားဖြစ်ပါတယ်”

DVB Interview

 

Zawgyi Version

 







DVB Interview

LEAVE A REPLY

Please enter your comment!
Please enter your name here