ဟားခါး၊ နှီရ်းလောမ်ရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စကစမှ ပြည်သူများအား….see more

0
1007

ဟားခါး၊ နှီရ်းလောမ်ရွာအနီး တိုက်ပွဲပြင်းထန်နေပြီး စကစမှ ပြည်သူများအား….see more

ယနေ့ အောက်တိုဘာလ ၁၃ ရက် နံနက်ပိုင်းတွင် အကြ မ်းဖ    က်စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CNA၊ CDF ပူးပေါင်းတပ်ဖွဲ့များကြား ဟားခါးမြို့အထွက် နှီးရ်လောမ်ရွာအနီးတိုက်ပွဲတွင် အကြ မ်းဖ က်စစ်ကောင်စီမှ ၅ ဦး ​ေ    သ ဆုံးကြောင်း ချင်းတပ်ဖွဲ့များထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဖလမ်းမှ ဟားခါးသို့လာသော သံချပ်ကာအမြှေ ာက်ကား ၂ စီးပါ စစ်ယာဉ်တန်းအား ဟားခါးမြို့မှာ သွားရောက်ကြိုဆိုသော စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ပြီး ဟားခါးမြို့အထွက် နှီးရ်လောမ် ရွာအနီးတွင် ချင်းတပ်ဖွဲ့များမှ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် နှီးရ်လောမ်ကျေးရွာရှိ အသက် ၁၃ နှစ်အောက် ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးအား အကြ မ်းဖ   က်စစ်ကောင်စီမှ ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

အလားတူ ဖလမ်းမြို့မှာ ဟားခါးမြို့သို့ ထွက်ခွာလာသော စစ်ကောင်စီယာဉ်တန်းအား လုံပီး၊ တာလ်းကျေး၊ တလန်းဇာရ်၊ တလန်းရောန် ကျေးရွာများအနီးတဝိုက်တွင် ချင်းတပ်ဖွဲ့များမှ ခုခံတိုက်ခိုက်နေသည်ဟုလည်း ချင်းသတင်းရင်းမြစ်များထံမှ သိရသည်။

လက်ရှိအချိန်တွင် ဟားခါးမြို့ နှီးရ်လောမ်ရွာအပါအဝင် ဖလမ်းရှိ လုံပီး၊ တာလ်းကျေး၊ တလန်းဇာရ်၊ တလန်းရောန် ကျေးရွာများမှ ပြည်သူများသည် ရွာအား စွန့်ခွာ၍ စစ်ဘေးရှောင်နေကြရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖလမ်း-ဟားခါးလမ်းပေါ်ရှိ ရာလ်သီးကျေးရွာရှိ ဘာသာရေးအဆောက်အဦးတစ်ခုနှင့် နေအိမ် ၄ လုံးအား မီးရှို့ဖျက်ဆီးပြီး အများပြည်သူပိုင် ပစ္စည်းများအား ခိုးယူခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဓါတ်ပုံ – အကြ မ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရာလ်သီးကျေးရွာအား မီးရှို့ဖျက်ဆီးနေသည်ကို အဝေးမှ တွေ့ရစဉ်

 

Zawgyi Version

 

ဟားခါး၊ ႏွီရ္းေလာမ္႐ြာအနီး တိုက္ပြဲျပင္းထန္ေနၿပီး စကစမွ ျပည္သူမ်ားအား….see more

ယေန႔ ေအာက္တိုဘာလ ၁၃ ရက္ နံနက္ပိုင္းတြင္ အၾက မ္းဖ
က္စစ္ေကာင္စီတပ္ႏွင့္ ခ်င္းအမ်ိဳးသားတပ္ဦး CNA၊ CDF ပူးေပါင္းတပ္ဖြဲ႕မ်ားၾကား ဟားခါးၿမိဳ႕အထြက္ ႏွီးရ္ေလာမ္႐ြာအနီးတိုက္ပြဲတြင္ အၾက မ္းဖ က္စစ္ေကာင္စီမွ ၅ ဦး ​ေ
သ ဆုံးေၾကာင္း ခ်င္းတပ္ဖြဲ႕မ်ားထံမွ သိရသည္။

အဆိုပါ စစ္ေကာင္စီ စစ္ေၾကာင္းသည္ ဖလမ္းမွ ဟားခါးသို႔လာေသာ သံခ်ပ္ကာအေျမႇ ာက္ကား ၂ စီးပါ စစ္ယာဥ္တန္းအား ဟားခါးၿမိဳ႕မွာ သြားေရာက္ႀကိဳဆိုေသာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားျဖစ္ၿပီး ဟားခါးၿမိဳ႕အထြက္ ႏွီးရ္ေလာမ္ ႐ြာအနီးတြင္ ခ်င္းတပ္ဖြဲ႕မ်ားမွ တိုက္ခိုက္လိုက္ျခင္းျဖစ္သည္။

လက္ရွိအခ်ိန္တြင္ ႏွီးရ္ေလာမ္ေက်း႐ြာရွိ အသက္ ၁၃ ႏွစ္ေအာက္ ကေလးငယ္ ၁ ဦးအပါအဝင္ ၄ ဦးအား အၾက မ္းဖ
က္စစ္ေကာင္စီမွ ဖမ္းဆီးထားေၾကာင္း ေဒသသတင္းရင္းျမစ္မ်ားထံမွ သိရသည္။

အလားတူ ဖလမ္းၿမိဳ႕မွာ ဟားခါးၿမိဳ႕သို႔ ထြက္ခြာလာေသာ စစ္ေကာင္စီယာဥ္တန္းအား လုံပီး၊ တာလ္းေက်း၊ တလန္းဇာရ္၊ တလန္းေရာန္ ေက်း႐ြာမ်ားအနီးတဝိုက္တြင္ ခ်င္းတပ္ဖြဲ႕မ်ားမွ ခုခံတိုက္ခိုက္ေနသည္ဟုလည္း ခ်င္းသတင္းရင္းျမစ္မ်ားထံမွ သိရသည္။

လက္ရွိအခ်ိန္တြင္ ဟားခါးၿမိဳ႕ ႏွီးရ္ေလာမ္႐ြာအပါအဝင္ ဖလမ္းရွိ လုံပီး၊ တာလ္းေက်း၊ တလန္းဇာရ္၊ တလန္းေရာန္ ေက်း႐ြာမ်ားမွ ျပည္သူမ်ားသည္ ႐ြာအား စြန႔္ခြာ၍ စစ္ေဘးေရွာင္ေနၾကရသည္။

စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားသည္ ဖလမ္း-ဟားခါးလမ္းေပၚရွိ ရာလ္သီးေက်း႐ြာရွိ ဘာသာေရးအေဆာက္အဦးတစ္ခုႏွင့္ ေနအိမ္ ၄ လုံးအား မီးရႈိ႕ဖ်က္ဆီးၿပီး အမ်ားျပည္သူပိုင္ ပစၥည္းမ်ားအား ခိုးယူျခင္းမ်ား ျပဳလုပ္ခဲ့ၾကသည္။

ဓါတ္ပုံ – အၾက မ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား ရာလ္သီးေက်း႐ြာအား မီးရႈိ႕ဖ်က္ဆီးေနသည္ကို အေဝးမွ ေတြ႕ရစဥ္

LEAVE A REPLY

Please enter your comment!
Please enter your name here