မုံရွာနှင့် ဘုတလင်တွင် ပ စ် ခ တ်မှုဖြစ်ပွားပြီး ပြည်သူတွေ မြေစာပင်ဖြစ်ရပြန်ပြီ

0
54

မုံရွာနှင့် ဘုတလင်တွင် ပ   စ် ခ တ်မှုဖြစ်ပွားပြီး ပြည်သူတွေ မြေစာပင်ဖြစ်ရပြန်ပြီ

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်နဲ့ မုံရွာမြို့နယ်က ကျေးရွာတွေအတွင်း စစ်ကောင်စီတပ်တွေက အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းမှာ ပ   စ် ခ တ်ခဲ့တာကြောင့် အပြစ်မဲ့ ရွာသား ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မုံရွာနဲ့ ဘုတလင်မြို့နယ် အစပ်ကြားမှာ မနေ့ နေ့လယ် ၂ နာရီလောက်က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ မို    င်းဆွဲတိုက်ခိုက်ခံရပြီးနောက် တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီတပ်တွေက ညနေပိုင်းမှာ ကျေးရွာတွေအတွင်း ရမ်းသမ် း ပ စ် ခ တ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “တပ်ပြန်ဆုတ်တဲ့ မုံရွာ လမ်းဘေးက ကျေးရွာတွေအထဲရော၊ လမ်းမှာတွေတဲ့သူ အကုန်လုံးကိုရောပ    စ် ခ တ်တယ်ဗျ။” လို့ ပြောပါတယ်။

စစ်ကောင်စီတပ် ပ စ် ခ တ်မှုကြောင့် ကံသစ်ကျေးရွာက နွားကျောင်းနေတဲ့ ကလေးငယ် တစ်ဦး ပေါင်မှာ ဒ ဏ်ရာရခဲ့ပြီး ဖန်းခါးကျင်ရွာက တစ်ဦးကတော့ ဗိုက် မှာ ဒ ဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

ဘုတလင်မြို့နယ်မှာလည်း ၁ ဦး ဒဏ်ရာရပြီး နွားနှစ်ကောင်​ေ    သ ဆုံးကာ နေအိမ်အမိုးအကာနဲ့နံရံအချို့ ပျက်စီးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။

“ကျနော်တို့ ဘုတလင်က ကလေးကတော့ ပေါက်ကျ ည်နှစ်ချက်ထိမှန်တယ်ဗျ။ ထိခိုက်ဒဏ်ရာရရှိသူရဲ့ နောက်ဆုံးအခြေအနေက မသိရသေးဘူး။”

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း ပုလဲ-ဂန့်ဂေါသွား ကားလမ်းမကြီး မိုင်တိုင်အမှတ် ၅၆ မိုင်အနီးမှာလည်း စစ်ကောင်စီယာဉ်တန်းကို အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီကျော် လောက်က မို င်း ဆွဲတိုက်ခိုက်ခဲ့တယ်လို့ PAR ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဂျပန်ကြီးက DVB ကို အတည်ပြုပြောဆိုပါတယ်။

“ကျနော်တို့ PRA အဖွဲ့တပ်ရင်း ၄ က ကိုရာဇာအဖွဲ့က တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်ကောင်စီဘက်က တော့ ၈ ဦး ကျမယ်ဗျ။ ဒဏ်ရာရရှိသူတွေလည်း အများအပြား ရှိတယ်။”

ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို အောက်တိုဘာလ ၁၂ ရက်နေ့ တရက်တည်း မို င်း ၄ ကြိမ်ထက် မနည်း မို    င်းဆွဲတိုက်ခိုက်ခံခဲ့ရကာ စစ်ကောင်စီတပ်သား အများအပြား ကျဆုံးတာတွေလည်း ရှိပါတယ်။

အဲဒီလို အတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်က လူနေအိမ်အများအပြားကို မီးရှို့ ဖျက်ဆီးတာတွေလည်း လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here