ဖမ်းဆီးခံထားရတဲ့ မုံရွာကျောင်းသားခေါင်းဆောင်ရဲ့အမှုလိုက် ရှေ့နေ ရ က် စ က် စွာ အ သ တ် ခံ ရ

0
723

ဖမ်းဆီးခံထားရတဲ့ မုံရွာကျောင်းသားခေါင်းဆောင်ရဲ့အမှုလိုက် ရှေ့နေ ရ က် စ က် စွာ အ သ တ် ခံ ရ

 

မုံရွာမှာ ဒီနှစ် ဧပြီ ၁၅ ရက် နေ့ခင်းပိုင်းက ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အမှုတွေကို တွဲဘက် ကူညီလုပ်ကိုင်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ကိုဇင်မင်းထွန်းဟာ ဒီကနေ့ ညနေ ၃ နာရီဝန်းကျင်က ​ေ
သ န တ် နဲ့ပ စ် ဓ ားနဲ့ထိုးပြီး အ သ တ်ခံလိုက်ရတယ်လို့ မုံရွာရှေ့နေ အသိုင်းအဝိုင်းက ပြောပါတယ်။

မုံရွာမြို့ ပြည်တော်သာရပ်ကွက် ( အရင်အခေါ် အက်တော) မောင်းခမ်းကျောင်းလမ်းနေ အသက် ၄၂ နှစ်အရွယ် တရားလွှတ်တော် ဦးဇင်မင်းထွန်း ဆိုသူဟာ ဒီကနေ့ ညနေ ၃ နာရီ ဝန်းကျင်က သူ့ရဲ့အိမ်နီးနားချင်းဖြစ်သူရဲ့ နေအိမ်ရှေ့ ခုံတန်းလျားမှာ ထိုင်နေတဲ့အချိန် အမည်မသိ လူ ၃ ယောက်က ဆိုင်ကယ် ၁ စီးနဲ့ ရောက်လာပြီး ရှေ့နေ ဦးဇင်မင်းထွန်းကို ​ေ   သ န တ် နဲ့ ပ စ် ဓ ားနဲ့ ထိုး သ တ်   သွားခဲ့တာဖြစ်ပါတယ်။

” ကိုဇင်မင်းထွန်းက ရိုးသားပြီး အနေအေးတယ် ၊ မိသားစု စားဝတ်နေရေး အတွက် ရိုးသားစွာနဲ့ ရှာဖွေရပ်တည်တယ် ၊ အရင်က ရေယာဉ်ဂိတ်တွေမှာ ဆိုင်ကယ် တက္ကစီလိုက်တာတောင်ရှိတယ် ၊ အခု သူ့ဆရာ(တရားလွှတ်တော် ရှေ့နေကြီး)နဲ့ တွဲဘက်ပြီး မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အမှုကို လိုက်ပါကူညီပေးနေတာ ” လို့ မုံရွာရှေ့နေ အသိုင်းအဝိုငး တရားလွှတ်တော် ရှေ့နေ တစ်ယောက်က ပြောပါတယ်။

ရှေ့နေ ဦးဇင်မင်းထွန်းဟာ ဦးခေါင်းပိုင်းမှာ ဓ ာ း ခု တ်ခံရတဲ့အတွက် ပြ တ် ရှ ဒ ဏ်ရာ ၄ ချက်နဲ့ နံကြားနေရာတွေမှာ ဓ ားနဲ့ထိုးသွင်း ဒ ဏ်ရာ ၂ ချက်ရခဲ့ပြီး အနီးပတ်ဝန်းကျင်မှာရှိတဲ့ အိမ်နီးနားတွေက မုံရွာ ပြည်သူ့ဆေးရုံကြီး အရေးပေါ် လူနာကုသရေးဌာနကို ပို့ဆောင်ပြီး ဆေးကုသပေမယ့် ညနေ ၃ နာရီ ၂၅ မိနစ်မှာ ရရှိဒဏ်ရာတွေနဲ့ ​ေ သ ဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အ သ တ်ခံလိုက်ရတဲ့ တရားလွှတ်တော် ဦးဇင်မင်းထွန်းရဲ့ အိမ်နီးဝန်းကျင်မှာ နေတဲ့လူ တစ်ယောက် ပြောတာက  ” ရှေ့နေကြီးက ဒေါ်စိန်တို့ အိမ်ရှေ့က ခုံတန်းလျားမှာ ထိုင်နေတဲ့အချိန် လူ ၃ ယောက်က ဝင်လုပ်တာပါ ၊ ​ေ သ န တ်သံ ခပ်တိုးတိုးတော့ ကြားလိုက်ရတယ် ၊

 

ရဲနဲ့ စစ်သားတွေ လာပြီး စစ်ဆေးတဲ့အခါ ရှေ့နေကြီး အ     သ တ်ခံရတုန်းက ထိုင်နေတဲ့ ခုံတန်းလျားအောက်က သံတုတ်လိုလို အရာတခုတွေ့တယ် အဲ့ဒါကို သူတို့ စစ်ဆေးတဲ့အခါ ပွိုင့်တူးတူး ကျ ည် ဆံနဲ့ ပ စ် တဲ့ ​ေ သ န တ်လို့ သိရတာ ၊ ကျ ည်ဆံ အခွံ တခုရော အဲ့ဒီနားက တွေ့သွားတယ် ၊ ဘာကြောင့် အ သ တ်ခံရတယ်ဆိုတာ မပြောတတ်ဘူး ” လို့ပြောပါတယ်။

ဒါ့အပြင် အ သ တ်ခံလိုက်ရတဲ့ တရားလွှတ်တော် ရှေ့နေ ဦးဇင်မင်းထွန်း ဟာ သူ့ရဲ့ ဆရာဖြစ်သူ တစ်ဦးနဲ့ တွဲဘက်ပြီး မုံရွာ ပင်မသပိတ်စစ်ကြောင်း ခေါင်းဆောင် ကိုဝေမိုးနိုင်ရဲ့ အမှုတွေကို လိုက်ပါကူညီပေးနေတာတွေနဲ့ ပတ်သက်ပြီး မုံရွာ ရှေ့နေ အသိုင်းအဝိုင်း ပြောတာက

” ကိုဝေမိုးနိုင်က ဧပြီ ၁၅ ရက် က ဖမ်းခံရတာပါ ၊ သူ့အပေါ် စွပ်စွဲထားတဲ့ အမှုက များတယ် ၊ အမှုက ၁၀ မှုနဲ့ ၊ အဲ့ဒါတွေကတော့ ဖေဖော်ဝါရီ ၆ ရက်က စတင်လို့ လူထုဆန့်ကျင်ရေး အထွေထွေသပိတ်စစ်ကြောင်းကို မုံရွာမြို့ ဘုန်းစိုးရပ်ကွက် သာစည်လမ်းနဲ့ နေဇာလမ်းဆုံ သာစည်းစျေးအနီးမှာ ကိုဝေမိုးနိုင် ဦးဆောင်ပြီး ဆန္ဒပြခဲ့တဲ့အတွက် မြို့နယ်အာဏာပိုင်အဖွဲ့က ကိုဝေမိုးနိုင်အပေါ် သဘာဝဘေး စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေ ၂၅ အရ အမှုဖွင့်အရေးယူခဲ့တာဖြစ်ပါတယ်” လို့ပြောပါတယ်။

အဲ့ဒီ အမှုတွေကို လိုက်ပါကူညီပေးနေရင်း ကိုဇင်မင်းထွန်း အ     သ တ် ခံရတာဟာ ဘယ်လိုအကြောင်းကြောင့် ဘယ်သူကသ တ် သလဲဆိုတာ မသိရသေးတာမို့ ရဲက ဆက်စုံစမ်းနေတယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here