အမျိုးသမီးရဲဘော်အပြင်းဖျားနေလို့ လာခေါ်တာ ရောက်သွားတော့ မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ထဲဆို့သွားတယ်

0
123

အမျိုးသမီးရဲဘော်အပြင်းဖျားနေလို့ လာခေါ်တာ ရောက်သွားတော့ မြင်လိုက်ရတဲ့မြင်ကွင်းက ရင်ထဲဆို့သွားတယ်

ဘဝတွေကခါးလွန်းတယ်

ဆရာဝန်မရှိတဲ့ PDFနေရာတစ်ခုက အပြင်းဖျားနေတဲ့ အမျိုးသမီးရဲဘော်တစ်ယောက်ရှိလို့ လာခေါ်ရှာတယ်

ရောက်သွားတော့ တွေ့လိုက်ရတဲ့မြင်ကွင်းက ရင်ထဲဆို့သွားတယ်

အဖျားကလည်းကြီး ဆရာဝန်လည်းမရှိတော့ သူတို့အချင်းချင်း တတ်သလောက်လုပ်ထား​ပေးပုံက အဖျားကျအောင်တဲ့ Pad ကြီး (လစဥ်သုံးဂွမ်း)ကို ရေစွတ်ပြီး နဖူးမှာကပ်ထားတယ်

ဘာလို့ကပ်ထားတာလဲမေးတော့ အဖျားအရမ်းကြီး​တော့အပူစုပ်အောင်တဲ့

ရုတ်တရက် ဘာပြောရမှန်းတောင် မသိတော့ဘူး

မြင်ရတာ စိတ်ထဲလည်း တော်တော်မကောင်းဘူး

အသက်လေးတွေက 18/19 လေးတွေ စာသင်ရမဲ့အရွယ်တွေက စာသင်ခန်းထဲမှာမရှိပဲ ဒီလိုနေရာမှာ ဒီလိုဒုက္ခလာခံနေကြတယ်

အရာရာမပြည့်မစုံ ချို့တဲ့နေတဲ့ကြားမှာ ကြိုးစားပြီးရှင်သန်နေကြတယ်

မိသားစုနဲ့ဝေးနေတဲ့အချိန်မှာ ကိုယ့်အချင်းချင်း ဖေးမကူညီပြီး နေကြရတယ်

ဒီလိုမျိုးဖြစ်နေတာ အိမ်ကမိဘတွေသိရင် ရင်ကျိုးလိုက် မဲ့ဖြစ်ခြင်း

အာဏာရူးတဲ့ လူ့တိရစ္ဆာန်တစ်စုကြောင့်သာမဟုတ်ရင်

ဒီလိုအချိန်မှာ လူငယ်တွေရဲ့အနာဂတ်က သိပ်ကိုလှနေမှာ

 

LEAVE A REPLY

Please enter your comment!
Please enter your name here