ချင်းပြည်က တိုက်ပွဲတွေ ဘယ်လိုဖြစ်နေသလဲဆိုတာ ပြောပြီ

0
637

ချင်းပြည်က တိုက်ပွဲတွေ ဘယ်လိုဖြစ်နေသလည်းဆိုတော့ စကစ တပ်တွေက ဖလမ်းမြို့‌ကုန်းပေါ်မှာ တပ်စွဲထားတယ်၊ လက်ရှိ အဲဒီ ဖလမ်း‌ခြေစိုက် စခတပ်ကနေ စစ်ကြောင်းယာဉ်တန်းတွေ ဟားခါးကို ဆက်တိုက်သွားနေတယ်၊ ချင်းပြည်သူ့တပ်တွေကလည်း စစ်အင်အားဖြည့်နေတာကို ရပ်ကြည့်မနေတော့ပဲ ကြားထဲ လမ်းပေါ်မှာ ဖြတ်တိုက်တယ်၊ မနေညနေထိဆို စခ 10ကျော် ဂိန်သွားတယ်လို့ သတင်းထုတ်ပြန်တယ်။

ဒီတော့ မှူးကြီးတွေက ဉာဏ်ကောင်းပြီး ဘာလုပ်လည်းဆိုတော့ ဖလမ်းက ထွက်လာတဲ့ စကစ စစ်ကြောင်းကားတန်းကို ဟားခါးကို ရောက်ပြီးသား စခတွေကို နောက်ပြန်လှည့် လမ်းတစ်ဝက်ကို အင်အားဖြည့် သွားကြိုခိုင်းတယ်၊ အဲဒီ ဟာခါးကနေ ထွက်ကြိုတဲ့ အဖွဲ့ကိုပါ ချင်းကာကွယ်ရေးတပ်တွေက မြို့အထွက်စောင့်ပြီး ထပ်ဆော်တယ်။ ချင်းတပ်တွေကို အချဉ်မှတ်နေတဲ့ စခတွေ အလူးအလဲ ရူးခါပြီး ပြေးနေရတယ်။

အဲတော့ စခတွေက ယုတ်မာပြီး ဘာလုပ်လည်းဆိုတော့ လမ်းမအနီးအနားက ကျေးရွာတွေ ဝင်တယ်၊ ရှုံးမဲမဲပြီး ထုံးစံအတိုင်း အိမ်တွေ ဝင်လုတယ်၊ မီးရှို့ပြီးထားခဲ့တယ်၊ နယ်ခံလူတွေက ကြိုသိလို့ ရှောင်နေတော့ ကျန်ခဲ့တဲ့ အိမ်မွေးတိရစ္ဆာန်တွေ ပ စ် သ တ် တယ်၊ ခရစ်ယာန်ဘုရားကျောင်းတွေ မီးရှို့တယ်၊ ဖျက်စီးလို့ ရတာတွေ လမ်းတလျှောက် အကုန်လုပ်သွားတယ်။

ရွာတွေမှာ ဒါတွေလိုက်လုပ်ရင်း ရွာတစ်ရွာက နောက်တစ်ရွာအကူး ကြားထဲ စခန်းချ အနားယူချိန် လုံပီးနဲ့ တလန်းရောန်ဆိုတဲ့ ရွာနှစ်ရွာကြားမှာ ရပ်နားပြီး လုလာတာတွေ ဝေစုခွဲနေတုန်း ချင်းကာကွယ်တပ်တွေက ဖင်ဝင်နှိုက် ပ စ်လိုက်တာ တော်တော်များများ မသာပေါ်ကုန်တယ်၊

နာရီဝက်လောက် နှိုက် ပ စ်လိုက်တယ် ပြောသလို၊ စခန်းချထားချိန်ဆိုတော့ ခွေးရူးတွေလို သွေးရူးသွေးတန်းတွေ ဖြစ်ကုန်တာ၊ ခွေးအ ​ေ သ စာရင်းကို တိတိကျကျ မသိရသေးပေမဲ့ CNA နဲ့ CDF ချင်းပူး‌ပေါင်းတပ်တွေဖက်က အကျအဆုံး လုံးဝမရှိဘူးလို့ ပြောဆိုခွင့်ရှိသူထံမှ ကြားသိထားရပါတယ်။

ဒီတိုက်ပွဲတွေ ပြီးခါနီးတော့မှ စက်ကနေ သတင်းရပြီး ဖလမ်းအ‌ခြေစိုက် တောင်ကုန်းပေါ်က စကစ အမြှေ ာက်တပ်ကနေပြီး ရူးရူးယောင်ယောင်နဲ့ လ က် န က်ကြီးတွေ ကူပ စ်ပေးနေတာ၊ သူ့လက်ကျန်ခွေးတွေ ဆုတ်ပြေးလို့ရအောင်၊

ဗျူဟာမှူးတွေ ပြောတော့ တိုက်စစ်ဖွင့်မှာဆိုအခုကျ‌တော့ စစ်ကြောင်းတွေ မြို့တောင်မကူးရဲဘူး၊ ကြားထဲ အနှိုက်ခံ‌နေရလို့၊ လ က် န က်နဲ့ အင်အားသုံးပြီး ချင်းနယ်ထဲ ဖင်သွားကုန်းတော့ ဟိုက လုပ်လွှတ်လိုက်မှာပဲ၊ သံချပ်ကာတွေပါတာကိုတောင် စတိုက်ရဲတဲ့ ချင်းတပ်တွေကိုတော့ လေးစားပါတယ်။

ဖလမ်းမြို့ပေါ်မှာတော့ လူအသွားအလာမရှိသလို အနီးအနားက ရွာတွေက လူတွေလည်း စစ်ရှောင်နေကြရပါတယ်။ အိမ်တွေ ရွာတွေလည်း မီးရှို့ခံ ဖျက်စီးခံရလို့ တော်တော် ဆုံးရှုံးနေရပါတယ်၊ ချင်းပြည်နယ်ရဲ့ ပြည်သူတွေကို ကာကွယ်နေတဲ့ တော်လှန်ရေး တပ်ဦးတွေကို နိုင်စေချင်ရင်တော့ သူတို့အဖွဲ့တွေ အလှူခံနေသည့် နေရာများကို တိုက်ရိုက်လှူတန်းခြင်းဖြင့် ကူညီပေးကြပါ။ စစ်ဘေးရှောင် တိုင်းရင်းသားများထဲလည်း အစားအသောက်၊ အဝတ်အထည် ဆေးဝါးတွေ လှူတန်းရင်း ချင်းတွေနဲ့ တသားတည်းရှိတယ်ဆိုတာ ပြလိုက်ပါ။

14.10.2021
(တိုက်ပွဲသတင်းတွေက CNAမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီမှ ဒေသတွင်းသတင်းဌာနတွေကို ပြောပြီးလို့ စိတ်ချရချိန်မှ ရေးတင်တာပါ၊ စကစရဲ့ နောက်ထပ် ထိုးစစ်တစ်ခုအနေနဲ့ တနင်္သာရီတိုင်းဖက် ထားဝယ်အနီးနားမြို့နယ်များကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်)

 

LEAVE A REPLY

Please enter your comment!
Please enter your name here