လူပေါင်းများစွာ ​ေ သ ဆုံးသွားရတဲ့ မီးလောင်မှုကြီးဖြစ်ပွား

0
691

လူပေါင်းများစွာ ​ေ သ ဆုံးသွားရတဲ့ မီးလောင်မှုကြီးဖြစ်ပွား

ထိုင်ဝမ်တောင်ပိုင်းက ၁၃ ထပ်မြင့်တဲ့ တာဝါတစ်ခုမှာ မီးလောင်ကျွမ်းမှုဖြစ်ခဲ့လို့ အနည်းဆုံး လူပေါင်း ၄၆ ဦး ​ေ သ   ဆုံးခဲ့ပြီး အခြားလူဒါဇင်နဲ့ ချီ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ကြာသပတေးနေ့မနက် အစောပိုင်း အချိန်မှာ ထိုင်ဝမ် တောင်ပိုင်း ကောက်ရှုံ့မြို့က လူနေစီးပွားရေး အဆောက်အအုံ တာဝါတစ်ခုမှာ မီးလောင်ကျွမ်းမှု ဖြစ်ခဲ့တာလို့ ပြည်တွင်း မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။

ဘီဘီစီသတင်းဌာနရဲ့ ရေးသားဖော်ပြချက်ထဲ လူနေ အဆောက်အအုံကို အကြီးအကျယ် မီးကူးစက် လောင်ကျွမ်း နေတဲ့ မီးကို မီးသတ်သမားတွေက လေး နာရီကျော်ကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ် မှာ လူပေါင်း ၇၉ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရပြီး အဲ့ဒီထဲက ၁၄ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေ တယ်လို့ မီးသတ်ဌာနက ဘီဘီစီသို့ ပြောပြခဲ့ပါတယ်။

မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အကြောင်းအရင်းကို မသိရှိရသေးပဲ စုံစမ်းစစ်ဆေးသူတွေက မီးလောင်ပြင်သို့ ရောက်ရှိနေကြတယ်လို့ သိရပါတယ်။

အစောပိုင်းတုန်းက အာဏာပိုင်တွေက အဆောက်အအုံ ရဲ့ ၇ ထပ်နဲ့ ၁၁ ထပ်တွေ ထဲ လူတွေပိတ်မိနိုင်တယ်လို့ သတိပေးထားခဲ့ပါတယ်။

အနီးအနားနေပြည်သူတွေကတော့ မီးလောင်ကျွမ်းမှုမဖြစ်ခင် ပေါက်ကွဲသံတစ်ခုကို ကျယ်လောင်စွာကြားခဲ့ရ တယ်လို့ ပြည်တွင်းသတင်းသို့ ပြောကြားခဲ့ကြပါတယ်။

အဆောက်အအုံရဲ့ အောက်ဘက်အပိုင်းတွေမှာတော့ စားသောက်ဆိုင်တန်းတွေ၊ ကာရာအိုကေ ဘားခန်းမတွေနဲ့ ရုပ်ရှင်ရုံတစ်ခုရှိခဲ့ဖူးကာ အသုံးမပြုတော့ဘူးလို့ လည်း သိရပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here