စျေးသည်တွေခင်ဗျာ မလိုအပ်ဘဲထုတ်ထားတဲ့မန္တလေးမာရှယ်လောရဲ့ဒုက္ခကြောင့်

0
500

စျေးသည်တွေခင်ဗျာ မန္တလေးမာရှယ်လောရဲ့ဒုက္ခကြောင့်

ယနေ့ နေ့လည် ၂ နာရီခွဲက မန္တလေး ၄၂ နဲ့ ၄၅ ကြား ၈၆ လမ်းမှာ ကြက်ဥက မှောက်တာ

မနက် ၉ နာရီကနေ ညနေ ၃ နာရီခွဲအထိ အပြင်မထွက်ရဘူးဆိုတဲ့ မာရှယ်လောထုတ်ပြန်ထားတာ မသိတော့ လမ်းကရှင်းလင်းနေတာနဲ့ ဘာများလည်းဆိုပီးအန္တရာယ်ဖြစ်မှာဆိုး၍ကားကိုဖြေးဖြေး မောင်းလာတာတဲ့

 

အဲမှာအခြေအနေအရ ဆေးဝယ်ထွက်လာတဲ့ ခလေးမလေးနှစ်ယောက်ဆိုင်ကယ်ကိုမြင်ပီးကြက်ဥကား ရှောင်ရင်း တိုက်မိပီး မှောက်ပါရော

အချေနေအရလမ်းပေါ်ထွက်ရင် ရင်ထဲမှာက အလိုလို
စိုးရိမ်စိတ်တွေကဖြစ်နေရတာ

ဒါနဲ့ အနီးအနားပတ်ဝန်းကျင်က မြင်ပီး မနေနိုင်တော့
ထွက်လာပီး ဝိုင်းကြ ကူညီကျပေါ့

 

အဲလိုအချေနေမှာမတလစခစတွေက ဘယ်ကနေ ဘယ်လို သတင်းရလို့လည်းမသိဘူး ရောက်လာကျ၍ ဝိုင်းကူညီကျသူတွေလည်း မကူညီရဲတော့ပဲ အိမ်ထဲဝင်ကျတာပေါ့

ပါတ်ဝန်ကျင်က ဖုန်းဆက်ပြောလို့ ပရဟိတကားတစီးရောက်လာပီး ဆေးရုံကို ပို့ပေးလိုက်တာထင်တယ်ဆိုပီး မိတ်ဆွေတယောက်ကပြောပြလို့ သိရတာပါ

 

နောက် ဘာတွေဆက်ဖြစ်တယ်မသိရတော့ပါ မန္တလေးမလိုလားအပ်ပဲထုတ်ပြန်ထားတဲ့ အပြင်မထွက်ရအမိန့်ကြောင့်အတော်ကို ဒုက္ခရောက်ရတဲ့အကြောင်း ပြောပါတယ်

LEAVE A REPLY

Please enter your comment!
Please enter your name here