CDM များကိုဖမ်းပြီး PDF ခေါင်းစဉ်တပ်ကာ ဝါဒဖြန့်တဲ့ စကစအလိမ်တွေပေါ်ပြီ

0
733

CDM များကိုဖမ်းပြီး PDF ခေါင်းစဉ်တပ်ကာ ဝါဒဖြန့်တဲ့ စကစအလိမ်တွေပေါ်ပြီ

စစ်ကောင်စီသတင်းမီဒီယာတွေက ဒီကနေ့ပြသခဲ့တဲ့ ဝန်ခံထွက်ဆိုချက် ဗီဒီယိုမှာ ကင်းမရွာ PDF ဆိုပြီး ထွက်ဆိုခဲ့သည့် စည်သူလွင်ဆိုသူမှာ ကင်းမရွာPDF က မဟုတ်ပဲ မန္တလေးတိုင်း ပြင်ဦးလွင်ဆေးရုံကြီးက CDM လုပ်နေသည့် သူနာပြုဆရာစည်သူလွင်ဖြစ်တယ်လို့ ပြင်ဦးလွင်ဆေးရုံတာဝန်ကျ ဆေးဝန်ထမ်းတွေကရော ကင်းမရွာခံတွေကပါပြောပါတယ်။

 

CDM သူနာပြုဆရာ ကိုစည်သူလွင်ဟာ စကစတပ်တွေက ကင်းမရွာကို မီးရှို့ဖျက်ဆီးပြီးနောက်ပိုင်းမှာ စစ်ဘေးရှောင်နေရတဲ့ ရွာသူရွာသားတွေကို ပရဟိတလာရောက် ဆေးကုသမှုတွေလုပ်ပေးနေတာလို့ ရွာခံတွေကပြောပါတယ်။
ဩဂုတ်လ၂ရက်နေ့မှာ မန်းလေးမြို့မှလှူလိုက်တဲ့ ဆေးပစ္စည်းများတွေကို ပေါက်ကားဂိတ်မှာ သွားထုတ်ချိန်မှာ စကစတပ်တွေက မေးစရာရှိတယ်ဆိုပြီး ဖမ်းဆီးသွားတယ်ဆိုပါတယ်။

 

ဒီကနေ့ သတင်းစာရှင်းလင်းပွဲက ဗီဒီယိုမှာတော့ သူနာပြုဆရာ ကိုစည်သူလွင်ကို ကင်းမရွာ PDF လို့ဖေါ်ပြပြီး တလွဲ လိမ်လည်ထွက်ဆိုခိုင်းတာတွေ မြင်ခဲ့ရတာလို့ လုပ်ဖေါ်ကိုင်ဖက် ဆေးဝန်ထမ်းတချို့ကပြောပါတယ်။

 

မီးရှို့ခံရပြီး ထွက်ပြေးရတဲ့သူတွေကို စေတနာနဲ့ လာရောက်ဆေးကုသကူညီနေသူကို PDF လို့ တပ်ထားပြီး သူဘာမှမပတ်သက် မသိတာတွေကို တမင်လိမ်ညာထွက်ဆိုခိုင်းနေတာကြည့်ရင် စကစရဲ့ ဝန်ခဲံထွက်ဆိုချက်များဆိုတာတွေဟာ အလိမ်အညာအကြံအဖန်တွေဆိုတာ သက်သေထပ်ပြသလိုဖြစ်သွားပြီလို့ ကိုစည်သူလွင်ရဲ့ လုပ်ဖေါ်ကိုင်ဖက်ဆေးဝန်ထမ်းတချို့နဲ့ ကင်းမရွာခံတချို့ကပြောပါတယ်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here