ဒီရက်ပိုင်း စစ်ကောင်စီက ပုံစံနှစ်ခုနဲ့သွားနေတာကို နည်းနည်းစိုးရိမ်မိတယ်

ကိုယ်လူတွေဖက်က အချိန်မှီ မထိန်းနိုင်ရင်စစ်ကောင်စီ ခင်းပေးတဲ့အကွက်ထဲ ရောက်သွားလိမ့်မယ်။ပုံစံတခုကတော့ စစ်ကောင်စီဟာ တော်လှန်ရေးသမားတွေနဲ့ NUG အစိုးရ ထောက်ခံသူတွေဟာ အကြ မ်း ဖ က်သမားတွေလို့ပုံဖော်နေတယ် ပြီးခဲ့တဲ့ရက်တွေတုန်းက..စာသင်ကျောင်းတွေ မီ း လော င်တာ ဗုံ း တွေ့တာတွေတော်လှန်ရေးသမားတွေပဲ လုပ်ခဲ့သလိုလိုဝါဒတွေ အကြီးအကျယ်ဖြန့်ပြီး လှုံ့ဆော်နေတယ်။အခုလဲ စာ သင်ကျောင်းတွေနား မငြိမ်မသက်မူတွေဖြစ်အောင် ဖန်တီးပြီးတော့ ဒီဖက်က တော်လှန်ရေးသမားတွေကပဲ..စာသင်ကျောင်းတွေကို ပ စ် မှ တ်ထားပြီး တို က် ခို က်နေရလို့ စစ်တပ်ကပဲ စာသင်ကျောင်းတွေကို အဓိကထား လုံခြုံရေး ယူပေးနေရတယ်ဆိုတဲ့ပုံစံမျိုး စနစ် တကျ ဖန်တီးနေတယ်။

 

အဲဒီတချက်ဟာ အရမ်းအရေး ကြီးပါတယ် နိုင်ငံတကာအမြင်မှာ စစ်ကောင်စီကို..တော်လှန်နေတဲ့တော်လှန်ရေးသမားတွေနဲ့ NUG အစိုးရထောက်ခံသူတွေဟာအ ကြ မ်း ဖ က် ဝါဒထောက်ခံသူတွေလို့ မြင်လာခဲ့ရင်တော်လှန်ရေးပုံရိပ်ဟာ အများကြီးကျဆင်းသွားလိမ့်မယ်။နိုင်ငံတကာအမြင်မှာတော်လှန် ရေးဟာ အကြ မ်း ဖ က် ဝါဒလို့ မြင်သွားရင်..ပြည်သူ့တွေထောက်ခံတဲ့အဖွဲ့အစည်းတွေကို ကူညီပေးဖို့ လက်တွန့်လာမယ် နိုင်ငံတကာသတင်းမီဒီယာတွေမှာ ကိုယ့်နိုင်ငံသတင်းတွေ ဖော်ပြပေးဖို့ လက်ရှောင်လာမယ် ဒါ သူတို့နဲ့ထိုက်တန်တဲ့အစိုးရ သူတို့ရတာပဲ သူတို့နိုင်ငံအရေးသူတို့ဘာသာ ဖြေရှင်းကြလို့…

မျက်ကွယ်ပြုလာလိမ့်မယ် အ ကြ မ်း ဖ က် သမားတွေလို့ တံဆိပ်တပ်နိုင်သွားရင် စစ်တပ်က အင်အား အလွန် အကျွံ တရားဝင် သုံးစွဲခွင့်ရသွားလိမ့်မယ်။ဒီလိုဖြစ်ဖို့အတွက် MWD MRTV တို့အပါအဝင် စစ်တပ်လော်ဘီတွေကပါ အင်တိုက်အားတိုက် ဝါဒဖြန့်နေတယ်.

 


.ကိုယ့်ဖက်ခြမ်းကလူတွေကပါ စာသင်ကျောင်းတွေမီ း လော င်တာ ဗုံ း တွေ့တာ ကျောင်းတွေနား ပ စ် ခ တ် တဲ့ သတင်းတွေကို ပျော်ပျော်ကြီး share နေတာတွေဟာ Political Game မှာ ကိုယ့်ဖက် ကျဆုံးဖို့ ဖြစ်လာလိမ့်မယ် စစ်တပ်က လိုချင်တဲ့အကွက်ထဲ…ကိုယ့်လူတွေကပါ ခု န် ဆ င်းနေတယ်လို့ ခံစားမိတယ် တကယ်ဆိုရင် စာသင်ကျောင်းတွေကို ထိ ခို က် အောင် လုပ်နေတာ တော်လှန်ရေးသမားတွေမဟုတ်ဘူးဆိုတာရယ် ဘယ်ဖက်က လုပ်လုပ် ဆန့်ကျင်တယ်ဆိုတာ ပြသနိုင်ဖို့ လိုပါလိမ့်မယ်။စစ်ကောင်စီ လုပ်နေတဲ့ …နောက်ပုံစံတခုကတော့ စာသင်ကျောင်းတွေ မလုံခြုံတာကို အကြောင်းပြပြီး


တော့ စာသင်ကျောင်းတွေမှာ တရားဝင် တပ်စွဲဖို့လုပ်နေတာပဲ ခဗျားတို့မှတ်မိသေးလား စစ်ကောင်စီက ပြည်တွင်းမှာ ဒီလို ပ စ် ခ တ်မူတွေ ဖော က် ခွ ဲမူတွေ မီ း လော င်မူတွေ…မဖြစ်ခင်ကတည်းက စာသင်ကျောင်းတွေ ဆေးရုံတွေဘာသာရေးအဆောက်အအုံတွေမှာ တပ်တွေဝင်စွဲလို့ရပ်ရွာထဲမှာတောင် အကြီးအကျယ် အချေ အ တ င်ဖြစ်ကြသေးတယ် စစ်တပ်ဟာ အဲဒီကတည်းက စာ သင်ကျောင်းတွေကိုကာဗာယူဖို့ ကြိုးစားခဲ့တာပဲ…နိုင်ငံတကာစည်းမျဉ်းတွေအရဆို စာသင်ကျောင်း ဆေးရုံ ဘာသာရေးအဆောက်အအုံဆိုတာ စ စ် ဖြ စ်နေတဲ့ကာလမှာတောင် တပ်စွဲပိုင်ခွင့် ပ စ် ခ တ် ပိုင်ခွင့် မရှိတဲ့နေရာတွေ ကင်းလွတ်ခွင့်ရတဲ့နေရာတွေဖြစ်တယ်စစ်ကောင်စီ ဒါတွေသိရက်မတ်လနောက်ပိုင်းတည်းက…စာသင်ကျောင်းထဲ တပ်တွေနေရာချခဲ့တယ် အခုတော့တဖြည်းဖြည်းနဲ့ ဒီလူတွေ ဘာလိုချင်နေလဲ

 


မြင်သာလာတယ် စာသင်ကျောင်းတွေကို သူတို့က ကာကွယ်ပေးနေရတဲ့ပုံစံမျိုး ဖြစ်အောင် ဖန်တီးပြီးတော စာသင် ကျော င်း တွေမှာ တရားဝင်တပ်စွဲဖို့ ဖန်တီးနေတာမျိုးပဲ…ဖြစ်တယ် စာသင်ကျောင်းတွေကို ဒီလိုတပ်စွဲထားတော့ ဘာထူးမှာမို့လဲ မေးရင် ထူးတာပေါ့ စစ်တပ်က စာသင် ကျောင်းထဲ တပ်စွဲ

 

ထားမှာတော့ တော်လှန်ရေးသမားတွေက စစ်တပ်ကို ဘယ်လို တို က် ခို က် မလဲ တော် လှ န်ရေးသမား တို က်ခို က် တိုင်းမှာ စာသင်ကျောင်းကို..အ ကြ မ်း လာ ဖ က်လို့ သူတို့ကပဲ ကာကွယ်နေရသလို ဖြစ်အုံးမယ် ဒီဖက်က တော်လှန်ရေးသမားတွေက စာ သင်ကျောင်းတောင် အလွတ်မပေးတဲ့ အ ကြ မ်း ဖ က်ဝါဒသမားတွေလို့ ဝါဒဖြန့်ခွင့်ရမယ်


ကျနော်ပြောသလိုပဲ စစ်တပ်က ပရမ်းပတာတွေ…လုပ်နေတာတွေရှိသလို တဖက်မှာလဲ ဒီလူတွေဟာ စနစ်တကျနဲ့ မဟာဗျူဟာကျကျ သွားနေတာတွေ ရှိတယ် ဒီလူတွေ ဘာဖြစ်ချင်လို့ ဘာဖန်တီးနေလဲဆိုတာ ကိုယ့်ဖက်က သုံးသပ်နိုင်ရမယ် မြင်အောင်ကြည့်နိုင်ရမယ် ဒါမှသာဘယ်လိုပုံစံမျိုးတွေနဲ့…တန်ပြန် တို က် ခို က်ရမလဲ စဉ်းစားနိုင်မယ်တခါတလေမှာ ခံစားချက်အတိုင်း လျှောက်လုပ်နေရင်စစ်တပ်က ပုံဖော်နေတဲ့ ဒီပုံစံနှစ်ခုထဲ ဝင်သွားမှာစိုးရိမ်မိတယ်…