(၁၅) နှစ်အရွယ်​ေကာင်လေးတစ်ယောက် စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူခဲ့ရာ

(၁၅) နှစ်အရွယ် တရားခံကလေးတစ်ဦး။ စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရခဲ့သူပေါ့။ အစောင့်လက်က လွတ်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့သူလည်း ဖြစ်တယ်။ ရုန်းရင်းဆန်ခက်ဖြစ်နေချိန်မှာ စတိုးဆိုင်က စာရေးကလည်း ကောင်လေးကို ဖမ်းဖို့ ကူညီခဲ့တယ်။ ဒီလိုနဲ့ တရားရုံးရောက်တဲ့အခါ တရားခံကလေးကို တရားသူကြီးက မေးတော့တယ်။

 

တရားသူကြီး။ ။ မင်းတကယ်ပဲ တစ်ခုခုခိုးခဲ့တာလား
ကလေး။ ။ ပေါင်မုန်နဲ့ ဒိန်ခဲပါ

 

တရားသူကြီး။ ။ ဘာလို့ခိုးတာလဲ
ကလေး။ ။ ကျွန်တော်လိုအပ်လို့ပါ

 

တရားသူကြီး။ ။ ဒါဆိုလည်း ဝယ်လိုက်ရောပေါ့
ကလေး။ ။ ပိုက်ဆံမှ မရှိတာ

 

တရားသူကြီး။ ။အိမ်ကနေ မတောင်းဘူးလား
ကလေး။ ။ အိမ်မှာက ဝင်ငွေမရှိတဲ့ ကျန်းမာရေးမကောင်းတဲ့ အမေတစ်ယောက်ပဲ ရှိတာပါ။ အခုပေါင်မုန့်နဲ့ ဒိန်ခဲကလည်း သူ့အတွက် ကျွန်တော် ခိုးလိုက်တာပါ။

 

တရားသူကြီး။ ။ မင်းက အလုပ်မလုပ်ဘူးလား
ကလေး။ ။ ကျွန်တော် ကားရေဆေးခုံမှာ အလုပ်လုပ်ပါတယ်။ အမေ့ကို ပြုစုပေးဖို့ လိုနေလို့ တစ်ရက် ခွင့်ယူတာ အလုပ်ထုတ်ခံလိုက်ရပါတယ်။

 

တရားသူကြီး။ ။ ဒါဆိုတစ်ယောက်ယောက်ဆီက အကူအညီတောင်းပေါ့

 

ကလေး။ ။ မနက်ကတည်းက တောင်းနေတာပါ။ ဘယ်သူမှ မကူညီကြပါဘူး

 

မေးမြန်းစစ်ဆေးမှု ပြီးဆုံးသွားတော့ တရားသူကြီးက စီရင်ချက်ချတော့တယ်။ ခိုးမှုဟာ တော်တော်ပြင်းထန်တဲ့ ပြစ်မှုဖြစ်တယ်။ အထူးသဖြင့် ပေါင်မုန့်ခိုးယူတာဟာ စိုးရိမ်ဖွယ်ရာပြစ်မှုဖြစ်တယ်။ အခုဒီကလေး ကျူးလွန်လိုက်တဲ့ ခိုးမှုမှာ တာဝန်ရှိသူဟာ ကျွန်တော်တို့အားလုံးပဲဖြစ်တယ်။

အဲ့ဒီတော့ တရားရုံးမှာ ကျွန်တော်အပါအဝင် ရှိနေသူအားလုံး တစ်ဦးလျင် ဒေါ်လာတစ်ဆယ် ပေးဆောင်ဖို့ အမိန့်ချမှတ်ပါတယ်။ ဒေါ်လာတစ်ဆယ်မပေးဘဲ ဘယ်သူမှ တရားရုံးအပြင်ထွက်ခွင့်မရှိပါ လို့ အမိန့်ချပြီး တရားသူကြီးက မိမိအိပ်ထဲက ဆယ်ဒေါ်လာကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။ စတိုးဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကိုလည်း ဒေါ်လာတစ်ထောင်ဒါဏ်ကြေးပေးဆောင်ဖို့ အမိန့်ချလိုက်တယ်။

 

ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ဆာလောင်နေတဲ့ ကလေးငယ်တစ်ယောက်ကို လူသားမဆန်စွာ ပြုမူခဲ့ရုံမက ရဲလက်အပ်ခဲ့တာကြောင့်ဖြစ်တယ်။ တကယ်လို့ (၂၄) နာရီအတွင် ဒါဏ်ကြေးမပေးဆောင်ရင် စတိုးဆိုင်ကို ချိတ်ပိတ်ဖို့ တရားရုံးကအမိန့်ပေးမှာဖြစ်တယ်။ နောက်ဆုံးမှာတော့ စတိုးဆိုင်နဲ့ တရားခွင်မှာ ရှိတဲ့သူတွေအားလုံးစီက ရတဲ့ ဒါဏ်ကြေးတွေကို ကလေးကိုပေးပြီး တရားရုံးက ကလေးငယ်ကို တောင်းပန်ကြောင်း စီရင်ချက်ချခဲ့တယ်။

စီရင်ချက်ကို ကြားနာပြီးတဲ့အခါ တရားခွင်ကသူတွေအားလုံးက မျက်ရည်ဆက်လက်နဲ့ပေါ့။ ကလေးငယ်ကလည်း အသက်ရှုရပ်မတတ် အံ့သြပြီး တရားသူကြီးကိုသာ မှင်သက်တဲ့အကြည့်နဲ့ ကြည့်နေခဲ့တယ်။

 

ဒီစာဖတ်ရင်းမျက်ရည်ကျရပါတယ်

ခုလိုအရည်အချင်းမီတဲ့ပညာရှင်မျိုး ကျွန်မတို့နိုင်ငံမှာအထူးလိုအပ်တယ်….