မြွေကြီးရဲ့ခေါင်းကို အားရပါးရဆွဲပြီး ကိုယ်ပေါ်မှာ ထိုင်ဆော့နေတဲ့ ကလေးငယ်
အချို့သောသူတွေက ထူးထူးဆန်းဆန်းနေအိမ်မှာ စပါးအုံးမြွေတွေ မွေးမြူထားတာမျိုးကို ကြိုက်နှစ်သက်ကြပါတယ် ။ ဒါတင်မကပါဘူးကိုယ့်ရဲ့မိသားစုဝင်တွေ ၊ ကလေးငယ်တွေကိုလည်း မြွေနဲ့အတူဆော့ကစားခိုင်းပါသေးတယ် ။
တစ်ချို့သောနေရာမျိုးတွေမှာဆိုရင် မြွေက သခင်ကိုပြန်မျိုတာမျိုး ၊ အိမ်မွေး တိရစ္ဆာန်လေးတွေကို ပြန်မျိုတာမျိုးကြားဖူးကြမှာပါ ။ ဒီတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံကမိသားစုတစ်ခုဟာ စပါးအုံးမြွေကြီးကို နေအိမ်မှာသာ မွေးမြူထားခဲ့ပါတယ် ။
Video ထဲမှာ မြင်တွေ့ရတဲ့အတိုင်း ဘားမှမသိနားမလည်သေးတဲ့ ကလေးငယ်ဟာ မြွေကြီးပေါ်မှာ တက်အိပ်နေခဲ့ပြီးနောက် ၊ နေရာရွေ့ဖို့ကြိုးစားနေခဲ့တဲ့ မြွေကြီးရဲ့ခေါင်းကို အားရပါးရလှမ်းဆွဲနေခဲ့သေးတာပါ ။ ကလေးငယ်ရဲ့ မိဘတွေကတော့ ဘားမှစိတ်မပူပဲ အဆိုပါအဖြစ်အပျက်ကို video ရိုက်ယူနေခဲ့တာပါ ။
မည်သို့ပင်ဖြစ်စေကာမူ မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် လွတ်လပ်စွာ မွေးမြူထားကြတဲ့ လုပ်ရပ်မျိုးက လူ့ပတ်ဝန်းကျင်အတွက် လုံးဝမသင့်လျှော်တဲ့လုပ်ရပ်မျိုးပါ ။ တောရိုင်းတိရစ္ဆာန်ကတော့ တစ်ချိန်ချိန်မှာ အရိုင်းစိတ်ပြန်ဝင်တတ်ကြလို့ပါပဲ ။Jasmine (Mckzone Daily)
Zawgyi Version