ပေါင် (၄၄၀ )အလေးချိန်ရှိ စပါးအုံးမြွေအရှင်ကြီးကို ဆိုင်ကယ်နဲ့တင်ပြီးလာခဲ့တဲ့လူနှစ်ဦး

မလေးရှားနိုင်ငံ Kelantan ပြည်နယ်အတွင်းက ဒေသခံနှစ်ဦးဟာ ပေါင်(၄၄၀) သို့မဟုတ် (၂၀၀)ကီလိုဂရမ်အလေးချိန်ရှိတဲ့ ဧရာမစပါးအုံးမြွေကြီးကို ဆိုင်ကယ်နဲ့တင်ပြီး ခေါ်ဆောင်လာခဲ့ရာ လူမှုကွန်ရက်ပေါ်မှာ ယင်းဓာတ်ပုံ၊ ဗွီဒီယိုတွေဟာ ရေပန်းစားနေပါတယ်။

 

 

အဆိုပါမြွေကြီးကို PERHILITAN လို့ခေါ်တဲ့ (Department of Wildlife and National Parks Peninsular Malaysia) သားရိုင်းတိရစ္ဆာန်ကာကွယ်စောင့်ရှောင်ရေးဌာနကို သွားရောက် လွှဲအပ်တာပါ။

 

ဒီမြွေကြီးဟာ တခြားစပါးအုံးတွေနဲ့ ကွဲပြားပြီး၊ မလေးရှားတွေကတော့ ပါတိတ်စပါးအုံးလို့ ခေါ်ကြပါတယ်။ ပါတိတ်အဝတ်စ အကွက်ပုံစံမျိုးနဲ့ တူလို့ ဖြစ်မယ်ထင်ပါတယ်။

 

Zawgyi Version



 


 
