ပေးဆပ်မှုတွေတူခဲ့ပေမယ့် စောင့်ရှောက်မှုကကွာတယ် ဒီတော့စဥ်းစား တန်ရဲ့လား
ပုံကို အရင်ကြည့်ပါ။
ပုံ-၁။ မြန်မာနိုင်ငံက(ဒုက္ခိတ) စစ်မှုထမ်းဟောင်း….
မြို့လယ်လမ်းပေါ်မှာ လိုက်တောင်းစားနေရတယ်။
တိုက်ပွဲမှာ မိုင်းနင်းမိလို့ ခြေတဖက်ပြတ်ခဲ့ရသူ။
ပုံ။၂။သူများနိုင်ငံက စစ်ခွေးတစ်ကောင်။သူလည်း တိုက်ပွဲမှာ ဒဏ်ရာရခဲ့လို့ ခြေတဖက်ပြတ်ခဲ့သူ။
ပေးဆပ်မှုတွေ တူခဲ့ရင်တောင်…စောင့်ရှောက်မှုက ကွာတယ်။
ပိုဆိုးတာက….လူတစ်ယောက်နဲ့ခွေးတစ်ကောင်။တန်ဖိုးထားမှုအပိုင်းက… အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေပေါ်မှာပဲ မူတည်တာပါ။
နိုင်ငံနဲ့ပြည်သူဘက် လွဲမချနဲ့။ဒီနိုင်ငံက မင်းတို့စစ်တပ်အတွက် တောင်းသလောက်ဘတ်ဂျက်ကို ခက်ခက်ခဲခဲနဲ့ပေးခဲ့တဲ့ နိုင်ငံ။
တန်ရဲ့လား… ?မင်းတို့တွေ မင်းအောင်လှိုင် အတွက် အသက်ပေးနေတာ တန်ရဲ့လား…စစ်ဗိုလ်ချုပ်တွေ ကောင်းစားရေးအတွက်…မင်းတို့အသေခံပေးနေရတာ တန်ရဲ့လား…?
စစ်သားမယားနဲ့ စစ်သားအမျိုး ဆိုတဲ့ ဟာတွေ…ခများတို့မှာ ဘာတွေရှိပြီး ဘာတွေရလဲ…?ပစ္စည်းဥစ္စာမရှိရင်တောင်.. ဂုဏ်သိက္ခာရှိရမယ်။ဘယ်မှာလဲ ခု…စစ်သားမိသားစုရဲ့ ဂုဏ်သိက္ခာ။ငါ့အဖေကစစ်သား ငါ့အမေကစစ်သမီး ဆိုပြီး…ခများတို့သားသမီးတွေ လူပုံအလယ်မှာ…ဝင့်ကြွားခိုင်းကြည့်စမ်း….ရှက်ပြီးမသေရင်ကံကောင်း။
ဒီတော့ တန်ရဲ့လား…
ကြည့်စမ်း….ခများတို့အသက်ပေးပြီး ကာကွယ်ပေးနေတဲ့…အရာတွေကို….။
Zawgyi Version
ပုံကို အရင်ကြည့်ပါ။
ဒီတော့ တန်ရဲ့လား…
အရာတွေကို….။