ဝေဟင်အမြင့်ပေ(၂၅၀၀၀)ကနေ လေထီးလုံးဝမသုံးဘဲ ခုန်ဆင်းပြခဲ့တဲ့ အာဂစတန့်သမား(ရုပ်သံ)

အောက်ဆုံးတွင်Videoပါသည်…

အမြင့်(၁၀)ပေကျော်ကနေ ပြုတ်ကျရင် အသက်မသေတောင် ခြေတွေလက်တွေ ကျိုးသွားနိုင်တယ်ဆိုတာ အားလုံး သိမယ်ထင်ပါတယ်။ တစ်ခါတလေ ကံရာမသင့်ရင် တစ်ပေလောက်ကနေ ပြုတ်ကျရင်တောင် ခြေကျိုးလက်ကျိုး ဖြစ်တတ်သေးသလို၊ တစ်ခါတလေမှာ ချော်လဲရုံနဲ့ အသက်ထွက်သွားတတ်ပါတယ်။

 

အခု လူစွန့်စားတစ်ယောက်ကတော့ အမြင့်ပေ (၂၅၀၀၀)ကနေ လေထီးလုံးဝမသုံးဘဲ ခုန်းဆင်းပြခဲ့တာပါ။ သူရဲ့ စတန့်ပြကွက်ဟာ တခြားသူတွေ လိုက်လုပ်ဖို့ အလွန်ခက်ခဲပြီး၊ သူ ခုန်ဆင်းဖို့ ရည်မှန်းထားတဲ့ မူလနေရာကနေ သွေဖယ်သွားပြီဆိုရင်တော့ အရိုးတခြား အသားတခြားနဲ့ ဘဝဆုံးရတော့မှာ ဖြစ်ပါတယ်။

အဆိုပါ လူစွန့်စားဟာ ဝေဟင်အမြင့် (၇၆၂၀)ကနေ ခုန်ဆင်းပြခဲ့တာ ဖြစ်ပါတယ်။ လေထီး လုံးဝအသုံးမပြုပါဘူး။ သူ့ဘေးကနေ အဖော်တွေ ရံလိုက်လာခဲ့ပြီး၊ သူတို့တစ်တွေကတော့ လေထီးတွေကိုယ်စီ မဖြစ်မနေ သုံးခဲ့ပါတယ်။ အဲဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ရေပန်းစားနေပြီး ကြည့်ရှုသူ (၃.၅)သန်းအထိ ရှိနေပါတယ်။

 

လူစွန့်စားရဲ့အမည်ကတော့ Luke Aikins ပါ။ သူဟာ အသက်(၄၇)နှစ် ရှိပြီဖြစ်ပြီး၊ BASE Jumper အဖြစ်လည်းကောင်း၊ လေယာဉ်မှူးအဖြစ်လည်းကောင်း၊ ဝေဟင်ဓာတ်ပုံဆရာအဖြစ်လည်းကောင်း စွယ်စုံရ ဝေဟင်သရဲဖြစ်ပါတယ်။ အခုဆိုရင် သူဟာ လုံလောက်တဲ့အမြင့်ကနေ လေထီးမပါဘဲ ဘေးကင်းကင်နဲ့ ခုန်ချနိုင်တဲ့ ပထမဆုံး လူစွန့်စား ဖြစ်ခွင့်ရခဲ့ပါပြီ။

ထူးခြားတာက သူဟာ အခု ခုန်ချတဲ့အတောအတွင်းမှာ Wngsuit လို့ခေါ်တဲ့ အတောင်ပံပါဝတ်စုံကိုတောင် ဝတ်မထားပါဘူး။ သူဟာ ဒီစတန့်ပြကွက်အတွက် ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသလို၊ လေတိုက်နှုန်းနဲ့ အောက်က ခံထားတဲ့ ပိုက်ကွက်ထဲကို ကွက်တိကျဖို့ကိုလည်း တွက်ချက်မှတ်သားမှုတွေ ပြုလုပ်ခဲ့ရပါတယ်။

 


ဒီလိုစတန့်မျိုးကို Heaven Sent လို့လည်း ခေါ်ပါတယ်။ (၂၀၁၆)ခုနှစ် ဇူလိုင်မှာ စတင်ခဲ့ပြီး၊ ဒီစတန့်အတွက် Luke ဟာ ကနဦးကတည်းက လေထီးမပါဘဲ ခုန်ချနိုင်သူအဖြစ် စံချိန်သစ် တင်ထားပြီးသားပါ။ အခုက သူတင်ထားတဲ့ စံချိန်ကို ပြန်ချိုးခဲ့တာ ဖြစ်ပါတယ်။

သူ့ကို ခံယူမယ့် မြေပြင်ပေါ်က ပိုက်ကွန်ကလည်း ဧရာမအရွယ်အစား ဖြစ်ပါတယ်။ အမြင့် (၁၀၀)ပေဖြစ်ပြီး၊ ကံဆိုးရင် လွဲချော်မှု ဖြစ်သွားနိုင်ပါတယ်။ ဒီမတိုင်ခင်မှ စတန့်ပြကွက်အတွက် သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ခဲ့ရာ အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရပါတယ်။ နောက်ဆုံးတော့ Luke ရဲ့ ထက်သန်တဲ့ စိတ်ကို သက်ဆိုင်ရာက မငြင်းပယ်တော့ပါဘူး။

 

သူနဲ့အတူ လိုက်ပါခုန်ချတဲ့သူတွေကတော့ လေထီးတွေနဲ့ပါ။ သူတို့ဆီမှာ အချက်ပြမီးခိုးတွေလည်း ပါသလို၊ အကယ်၍ မြေခံပိုက်ကွန်နဲ့ Luke လွဲချော်ခဲ့မယ်ဆိုရင် အရေးပေါ်ကယ်ဆယ်ဖို့ အသင့်စောင့်နေသူတွေလည်း မြေပြင်မှာ ရှိခဲ့ပါတယ်။ Luke ကတော့ သူရဲ့ အသည်းတအေးအေး ပြကွက်အတွက် ဝမ်းသာဂုဏ်ယူနေပါတယ်။Source : LadBible

Videoကြည့်ရန်…