စစ်ကောင်စီကပေးအပ်တဲ့တာ၀န်ကို မထမ်းဆောင်လို့တဲ့ ဒီနေ့မနက်ကပဲ

 

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ စစ်ကွင်းမြို့နယ်အပိုင်၊ အုတ်တွင်းကျေးရွာ ဂရုဏာရှင် နာရေးကူညီမှုအသင်းက ကိုသက်လွင်ဦးရဲ့ နေအိမ်ကို ဒီကနေ့မနက် ၁၀ နာရီခန့်က စစ်ကောင်စီတပ်တွေ လာရောက်ကာ ရိုက်နှက်ဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

 

အဖမ်းဆီးခံရတဲ့ ဦးသက်လွင်ဦးဟာ အရင်အစိုးရလက်ထက်က ကျေးရွာအုပ်ချုပ်ရေးမှူးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ စစ်ကောင်စီက ဆက်လက်ပြီးရပ်ကျေးအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ပေးအပ်ရာ မထမ်းဆောင်ပဲနုတ်ထွက်ကာ ပရဟိတအလုပ်ငန်းတွေကိုသာ ဆက်လက်လုပ်ကိုင်နေသူတဦးလည်း ဖြစ်ပါတယ်။

 

ယခုအချိန်အထိ ဘာကြောင့်ဖမ်းဆီးခံရတယ်ဆိုတာ မသိရသေး‌ပါဘူး။ အဖမ်းဆီးခံရတဲ့ ဦးသက်လွင်ဦးရဲ့ နေရာမှာ ဦးရန်မျိုးဝင်းဆိုသူကို စစ်ကောင်စီက အသစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့ရာ သူတို့နှစ်ဦးမှာ ယခင်ကတည်းက သင့်မြတ်မူ့မရှိဘူးလို့ ဒေသခံတွေကဆိုပါတယ်။


Zawgyi Version

စစ္ေကာင္စီကေပးအပ္တဲ့တာ၀န္ကို မထမ္းေဆာင္လို႔တဲ့ ဒီေန႔မနက္ကပဲ

 

ပဲခူးတိုင္းအေနာက္ျခမ္း၊ သာယာဝတီခ႐ိုင္၊ မင္းလွၿမိဳ႕နယ္၊ စစ္ကြင္းၿမိဳ႕နယ္အပိုင္၊ အုတ္တြင္းေက်း႐ြာ ဂ႐ုဏာရွင္ နာေရးကူညီမႈအသင္းက ကိုသက္လြင္ဦးရဲ႕ ေနအိမ္ကို ဒီကေန႔မနက္ ၁၀ နာရီခန႔္က စစ္ေကာင္စီတပ္ေတြ လာေရာက္ကာ ႐ိုက္ႏွက္ဖမ္းဆီးေခၚေဆာင္ သြားတယ္လို႔ ေဒသခံေတြထံက သိရပါတယ္။

 

အဖမ္းဆီးခံရတဲ့ ဦးသက္လြင္ဦးဟာ အရင္အစိုးရလက္ထက္က ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး၊ စစ္ေကာင္စီက ဆက္လက္ၿပီးရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးအျဖစ္တာဝန္ေပးအပ္ရာ မထမ္းေဆာင္ပဲႏုတ္ထြက္ကာ ပရဟိတအလုပ္ငန္းေတြကိုသာ ဆက္လက္လုပ္ကိုင္ေနသူတဦးလည္း ျဖစ္ပါတယ္။

 

ယခုအခ်ိန္အထိ ဘာေၾကာင့္ဖမ္းဆီးခံရတယ္ဆိုတာ မသိရေသး‌ပါဘူး။ အဖမ္းဆီးခံရတဲ့ ဦးသက္လြင္ဦးရဲ႕ ေနရာမွာ ဦးရန္မ်ိဳးဝင္းဆိုသူကို စစ္ေကာင္စီက အသစ္ခန႔္အပ္တာဝန္ေပးအပ္ခဲ့ရာ သူတို႔ႏွစ္ဦးမွာ ယခင္ကတည္းက သင့္ျမတ္မူ႔မရွိဘူးလို႔ ေဒသခံေတြကဆိုပါတယ္။