အင်းစိန်ထောင်ထဲရောက်နေတဲ့ကလေးတွေ အခြေအနေမကောင်းပါဘူး ခများတို့အမြန်ကယ်မှရမယ်

အင်းစိန်ထောင်ထဲရောက်နေတဲ့ ကလေးတွေကို ကယ်ပေးကြပါဦးဗျာ…။ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကယ်မှပဲ ရတော့မည်။ကျနော် ကျော်ဇေ 14ရက်နေ့ နေ့လည် ၂နာရီ က ဆေးမှု ပြစ်မှုမထင်ရှားသဖြင့် ပြန်လွတ်လာပါသည်။
ထောင်တွင်းအခြေအနေအရမ်းဆိုးနေပါတယ်ဗျာ တချို့လူတွေ မသေသေးပဲ ဒဏ်ရာတွေကနေ လောက်တောင် ကျနေတယ်…၊

 


တချို့တွေ သေနတ်ဒဏ်ရာတွေနဲ့ ပေါင်ပွင့် ခြေထောက်ပွင့်လျှက် ဒီတိုင်းပစ်ထားတယ် တချို့တွေ Feb လထဲက ဖမ်းထားတာ လက်ပြတ်လျှက် အဝတ်စပဲပတ်ပေးထားတယ် ။
မေးမေးပြီး ရိုက်နှက်နေတာ နေ့တိုင်း၊…သေခွင့်ပေးပါတော့လို့တောင် ဘေးခန်းက အစ်မတစ်ယောက်ရဲ့ တောင်းပန်သံအတိုင်းသား ကြားနေရတယ်။

 

ထမင်းလဲ ပုံမှန်မကျွေးဘူး တနေ့ ပေါင်မုန့်တစ်ခုနဲ့ ရေပဲတိုက်တယ် ။ ကျနော့ကိုလဲ နေ့တိုင်း ပေါင်မုန့်တစ်ခုကို ခြေထောက်နဲ့ ကန်ပြီးပစ်ကျွေးနေကျ အာဏာသိမ်းမှုကို ဆန့်ကျင်လို့ဖမ်းထားခြင်းခံရတွေဆို စဉ်းစားသာကြည့် ပေးကြပါ ။
ကျနော် မလွတ်လာခင် စကြ်ံတစ်လျှောက် ကလေးတွေ သစ္စာဆိုနေကြတယ် တခြားသူတွေ သူတို့လို အဖမ်းမခံကြရစေဖို့ ကျနော်ဗျာ မျက်ရည်မထိန်းနိုင်ဘူး ငိုကြွေးခဲ့ရတယ် သူတို့လေးတွေကို ကြည့်ပြီး။ တောင်ဥက္ကလာပ က အဖမ်းခံထားရတဲ့ ညီလေး ပြောပြချက်က feb ကထဲက ဖမ်းခံထားရတဲ့ နွေဦးသူရဲကောင်းလူငယ်တချို့ ရိုက်နှက်နှိပ်စက်ဒဏ်ကြောင့် သေဆုံးသွားပြီတဲ့ဗျာ

 


အလောင်းနေ့တိုင်းသယ်သယ်သွားနေတာ မြင်နေရတယ်တဲ့။ ဘယ်သူမှမကယ်ရင် သေဖွယ်ရာပဲရှိတော့တယ် ….လူမြင်ကွင်းမှာတောင် ဒီလောက်ယုတ်မှာနေကြတာ မမြင်ရတဲ့နေရာမှာဆိုဘယ်လောက်ခံစားကြရမလဲလို့တွေးပီးရင်နာလိုက်တာ..အားလုံးကိုတောင်းပန်ပါတယ်အဖမ်းခံရတဲ့ခလေးတွေပြန်လွှတ်အောင် များများတင်ပေးကြပါ..Twitter
ထဲမှာရော မဟုတ်ရင်ဒီလိုနဲ့ သေကုန်ကြလိမ့်မယ်


Zawgyi Version



 




