ကျနော်တို့ အာဇာနည်သူရဲကောင်းတွေ ထပ်မလိုချင်တော့ဘူး

ဒီစာလဲ ခဗျားတို့ ကြိုက်မယ် မထင်ဘူးဗျာ့
မနေ့ကပဲ NUG အစိုးရက PDF ကိုအချိန်ယူပြီး ပြင်ဆင်နေတယ်ဆိုတာ ပြောသွားတယ်တနိုင်ငံလုံးအတိုင်းအတာနဲ့ တိုက်ပွဲခေါ်သံ ပေးမယ်လို့ ကာကွယ်ရေး ဒုဝန်ကြီး ဒေါ်ခင်မမမျိုး ဆိုသွားတယ်

 

 

ပြောချင်တာက လက်နက်ကိုင်တော်လှန်ရေးဆိုတာ
ကိုယ့်ဖက်မှာ လူသူလက်နက် မပြည့်စုံသေးရင်
ပျောက်ကျားနည်းစနစ် မကျွမ်းကျင်ရင် နယ်မြေအနေအထားအတက်အဆုတ် လှုပ်ရှားဖို့ မလွယ်ကူသေးဘူးဆိုရင်ပစ်မှတ်ကြီးကြီးတွေ မတိုက်ခိုက်တာပဲ ကောင်းပါတယ်

 

ပစ်မှတ်ကလွယ်ကူတယ် သိုသိုသိပ်သိပ် လှုပ်ရှားလို
ကောင်းတယ် တော်လှန်ရေးအတွက်လဲ အထောက်အကူဖြစ်စေတယ် သိုသိုသိပ်သိပ်နဲ့ တက်လွယ် ဆုတ်လွယ်တယ်ဆိုလှုပ်ရှားကြပါ မဟုတ်ဘူးဆိုရင်တော့ NUG အစိုးရရဲ့PDF နဲ့ ချိတ်ဆက်ပြီး လှုပ်ရှားနိုင်ဖို့ ကြိုးစားတာကောင်းမယ်

 

ကျနော်တို့ အာဇာနည်သူရဲကောင်းတွေ ထပ်မလိုချင်တော့ဘူးဂုဏ်ပြုရမယ့်တော်လှန်ရေးသမားတွေပဲ လိုချင်တော့တယ် အချိန်မတန်သေးပဲ တဖက် စစ်တပ်က ကိုယ့်အထိုင်နယ်မြေတွေကိုယ့်စုဖွဲ့မူတွေကို သိရှိသွားလို့ အင်အားသုံး နှိပ်နင်းခံရပြီဆိုတဲ့သတင်းတွေ ကြားမိရင် စိတ်ထဲ ဘယ်လိုမှ နေလို့မကောင်းဘူး

 

မြို့နယ်အလိုက် စုဖွဲ့ထားတဲ့ PDF တွေအားလုံး ဂုဏ်လဲယူသလိုစိတ်လဲပူပါတယ် သေချာတွက်ချက်ပြီးမှ တိုက်ကြစေချင်တယ်အချိန်တခုယူဖို့ကို ဘယ်တော့မှ နောက်ကျတယ်မထင်ပါနဲ့

 


Zawgyi Version

က်ေနာ္တို႔ အာဇာနည္သူရဲေကာင္းေတြ ထပ္မလိုခ်င္ေတာ့ဘူး

ဒီစာလဲ ခဗ်ားတို႔ ႀကိဳက္မယ္ မထင္ဘူးဗ်ာ့
မေန႔ကပဲ NUG အစိုးရက PDF ကိုအခ်ိန္ယူၿပီး ျပင္ဆင္ေနတယ္ဆိုတာ ေျပာသြားတယ္တႏိုင္ငံလုံးအတိုင္းအတာနဲ႔ တိုက္ပြဲေခၚသံ ေပးမယ္လို႔ ကာကြယ္ေရး ဒုဝန္ႀကီး ေဒၚခင္မမမ်ိဳး ဆိုသြားတယ္

ေျပာခ်င္တာက လက္နက္ကိုင္ေတာ္လွန္ေရးဆိုတာ
ကိုယ့္ဖက္မွာ လူသူလက္နက္ မျပည့္စုံေသးရင္
ေပ်ာက္က်ားနည္းစနစ္ မကြၽမ္းက်င္ရင္ နယ္ေျမအေနအထားအတက္အဆုတ္ လႈပ္ရွားဖို႔ မလြယ္ကူေသးဘူးဆိုရင္ပစ္မွတ္ႀကီးႀကီးေတြ မတိုက္ခိုက္တာပဲ ေကာင္းပါတယ္

ပစ္မွတ္ကလြယ္ကူတယ္ သိုသိုသိပ္သိပ္ လႈပ္ရွားလို
ေကာင္းတယ္ ေတာ္လွန္ေရးအတြက္လဲ အေထာက္အကူျဖစ္ေစတယ္ သိုသိုသိပ္သိပ္နဲ႔ တက္လြယ္ ဆုတ္လြယ္တယ္ဆိုလႈပ္ရွားၾကပါ မဟုတ္ဘူးဆိုရင္ေတာ့ NUG အစိုးရရဲ႕PDF နဲ႔ ခ်ိတ္ဆက္ၿပီး လႈပ္ရွားႏိုင္ဖို႔ ႀကိဳးစားတာေကာင္းမယ္

က်ေနာ္တို႔ အာဇာနည္သူရဲေကာင္းေတြ ထပ္မလိုခ်င္ေတာ့ဘူး
ဂုဏ္ျပဳရမယ့္ေတာ္လွန္ေရးသမားေတြပဲ လိုခ်င္ေတာ့တယ္ အခ်ိန္မတန္ေသးပဲ တဖက္ စစ္တပ္က ကိုယ့္အထိုင္နယ္ေျမေတြကိုယ့္စုဖြဲ႕မူေတြကို သိရွိသြားလို႔ အင္အားသုံး ႏွိပ္နင္းခံရၿပီဆိုတဲ့သတင္းေတြ ၾကားမိရင္ စိတ္ထဲ ဘယ္လိုမွ ေနလို႔မေကာင္းဘူး

ၿမိဳ႕နယ္အလိုက္ စုဖြဲ႕ထားတဲ့ PDF ေတြအားလုံး ဂုဏ္လဲယူသလိုစိတ္လဲပူပါတယ္ ေသခ်ာတြက္ခ်က္ၿပီးမွ တိုက္ၾကေစခ်င္တယ္အခ်ိန္တခုယူဖို႔ကို ဘယ္ေတာ့မွ ေနာက္က်တယ္မထင္ပါနဲ႔