ရန်ကုန်မှာ ပေါ်တင်လုနေပြီဖြစ်တဲ့ စစ်ကောင်စီ

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ပြည်သူများ၏ ဆိုင်ကယ် အစီးရေ ၃၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဝင်များမှ လက်နက်ပြခြိမ်းခြောက်ကာ လုယူဖမ်းဆီးသွားသည်ဟု ဒေသခံတစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ အတည်ပြု ပြောဆိုသည်။

 

ဇွန်လ ၇ ရက် ယနေ့နံနက် ၁၁ နာရီ ၂၀ မိနစ် ဝန်းကျင်တွင် ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ ၃ ရပ်ကွက်ရှိ အောင်ဘရားသား လက်ဖက်ရည်ဆိုင်ရှေ့တွင် ရပ်ထားသည့် ဆိုင်ကယ် ၁၁ စီးကို အကြမ်းဖက်စစ်ကောင်စီလက်ပါးစေ လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များမှ ခြိမ်းခြောက်ပြီး လုယူခဲ့သည်။

 

“ကျွန်တော်တို့သူငယ်ချင်းတွေ အောင်ဘရားသားဆိုင်မှာ ထိုင်နေတာ ၁၁နာရီမခွဲခင် သူတို့ ကား၂စီးနဲ့ ရောက်လာတယ်၊ ဘာမပြောညာမပြောနဲ့ ဆိုင်ကယ်ပိုင်ရှင်တွေ သော့တွေပေးဆိုပြီး သေနတ်ထောက်ပြီး တောင်းတာ၊ပိုင်ရှင်တွေကလည်း သော့ပေးလိုက်ပေမယ့် ဘာလို့လဲဗျာဆိုလို့ “ဖမ်းတာ” ဆိုတဲ့စကား ၂ လုံးထဲပြောပြီးသိမ်းသွားတာ” ဟု အဆိုပါဖြစ်စဉ်တွင် လက်ဖက်ရည်ဆိုင်အတွင်းရှိနေသော လူငယ်တစ်ဦးမှ ရန်ကုန်ခေတ်သစ်သို့ပြောဆိုသည်။

 

ဆိုင်ကယ်များကို ကားပေါ်သို့တင်ပြီး သယ်သွားကြောင်း၊ ကားမဆံ့တော့လို့ အကြမ်းဖက် ရဲတပ်ဖွဲ့ဝင်များက ကိုယ်တိုင်မောင်းသွားကြောင်း ၎င်းက ဆက်ပြောသည်။

“လာဖမ်းတဲ့ ရဲတွေက ဒီက ရဲတွေမဟုတ်ဘူး၊ မြောက်ဥက္ကလာပ မြရတနာထိပ်က အမှတ် (၉) ရဲစခန်းကလို့တော့ ကြားတယ်၊ ဒီမှာဖမ်းပြီးတော့ သူတို့ အထက ၂ ဘက်ကို ထပ်သွားတယ်၊ အဲဒီမှာ ထပ်ဖမ်းတာ အစီး ၂၀ ကျော်တယ်၊ မုန့်ဆိုင်တွေမှာ ရပ်ထားတာတွေရော၊ တားပြီး ဖမ်းတာတွေရော” ဟု အဆိုပါ လူငယ်မှ ပြောသည်။

 

အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်တိုင်းတွင်း မြို့နယ်များတွင် ရပ်ထားသော ဆိုင်ကယ်များမှ ပစ္စည်းများ ခိုးယူခြင်း၊ လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ပြည်သူများ စီးနင်းလာသည့် ဆိုင်ကယ်များကို ခြိမ်းခြောက် လုယူခြင်းများကို ပြုလုပ်နေကြသည်။

ဓါတ်ပုံ – အောင်ဘုရားသားလက်ဖက်ရည်ဆိုင်ရှေ့တွင် လက်နက်ကိုင်ရဲတပ်သားများ ဆိုင်ကယ် လုယူဖမ်းဆီးနေစဉ်

 


Zawgyi Version

 

ရန္ကုန္မွာ ေပၚတင္လုေနၿပီျဖစ္တဲ့ စစ္ေကာင္စီ

ရန္ကုန္တိုင္း၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္အတြင္းရွိ ျပည္သူမ်ား၏ ဆိုင္ကယ္ အစီးေရ ၃၀ ေက်ာ္ကို အၾကမ္းဖက္စစ္ေကာင္စီလက္ပါးေစ ရဲတပ္ဖြဲ႕ဝင္မ်ားမွ လက္နက္ျပၿခိမ္းေျခာက္ကာ လုယူဖမ္းဆီးသြားသည္ဟု ေဒသခံတစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ အတည္ျပဳ ေျပာဆိုသည္။

ဇြန္လ ၇ ရက္ ယေန႔နံနက္ ၁၁ နာရီ ၂၀ မိနစ္ ဝန္းက်င္တြင္ ရန္ကုန္၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ ေဝဘာဂီ ၃ ရပ္ကြက္ရွိ ေအာင္ဘရားသား လက္ဖက္ရည္ဆိုင္ေရွ႕တြင္ ရပ္ထားသည့္ ဆိုင္ကယ္ ၁၁ စီးကို အၾကမ္းဖက္စစ္ေကာင္စီလက္ပါးေစ လက္နက္ကိုင္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ၿခိမ္းေျခာက္ၿပီး လုယူခဲ့သည္။

“ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြ ေအာင္ဘရားသားဆိုင္မွာ ထိုင္ေနတာ ၁၁နာရီမခြဲခင္ သူတို႔ ကား၂စီးနဲ႔ ေရာက္လာတယ္၊ ဘာမေျပာညာမေျပာနဲ႔ ဆိုင္ကယ္ပိုင္ရွင္ေတြ ေသာ့ေတြေပးဆိုၿပီး ေသနတ္ေထာက္ၿပီး ေတာင္းတာ၊ပိုင္ရွင္ေတြကလည္း ေသာ့ေပးလိုက္ေပမယ့္ ဘာလို႔လဲဗ်ာဆိုလို႔ “ဖမ္းတာ” ဆိုတဲ့စကား ၂ လုံးထဲေျပာၿပီးသိမ္းသြားတာ” ဟု အဆိုပါျဖစ္စဥ္တြင္ လက္ဖက္ရည္ဆိုင္အတြင္းရွိေနေသာ လူငယ္တစ္ဦးမွ ရန္ကုန္ေခတ္သစ္သို႔ေျပာဆိုသည္။

ဆိုင္ကယ္မ်ားကို ကားေပၚသို႔တင္ၿပီး သယ္သြားေၾကာင္း၊ ကားမဆံ့ေတာ့လို႔ အၾကမ္းဖက္ ရဲတပ္ဖြဲ႕ဝင္မ်ားက ကိုယ္တိုင္ေမာင္းသြားေၾကာင္း ၎က ဆက္ေျပာသည္။

“လာဖမ္းတဲ့ ရဲေတြက ဒီက ရဲေတြမဟုတ္ဘူး၊ ေျမာက္ဥကၠလာပ ျမရတနာထိပ္က အမွတ္ (၉) ရဲစခန္းကလို႔ေတာ့ ၾကားတယ္၊ ဒီမွာဖမ္းၿပီးေတာ့ သူတို႔ အထက ၂ ဘက္ကို ထပ္သြားတယ္၊ အဲဒီမွာ ထပ္ဖမ္းတာ အစီး ၂၀ ေက်ာ္တယ္၊ မုန႔္ဆိုင္ေတြမွာ ရပ္ထားတာေတြေရာ၊ တားၿပီး ဖမ္းတာေတြေရာ” ဟု အဆိုပါ လူငယ္မွ ေျပာသည္။

အၾကမ္းဖက္ စစ္ေကာင္စီလက္ပါးေစ ရဲတပ္ဖြဲ႕ဝင္မ်ားသည္ ရန္ကုန္တိုင္းတြင္း ၿမိဳ႕နယ္မ်ားတြင္ ရပ္ထားေသာ ဆိုင္ကယ္မ်ားမွ ပစၥည္းမ်ား ခိုးယူျခင္း၊ လက္နက္ျဖင့္ ၿခိမ္းေျခာက္ၿပီး ျပည္သူမ်ား စီးနင္းလာသည့္ ဆိုင္ကယ္မ်ားကို ၿခိမ္းေျခာက္ လုယူျခင္းမ်ားကို ျပဳလုပ္ေနၾကသည္။

ဓါတ္ပုံ – ေအာင္ဘုရားသားလက္ဖက္ရည္ဆိုင္ေရွ႕တြင္ လက္နက္ကိုင္ရဲတပ္သားမ်ား ဆိုင္ကယ္ လုယူဖမ္းဆီးေနစဥ္