မိခင်အတွက် သောက်ရေခပ်ပေးဖို့ ကျုးအိမ်လေးအပြင်အထွက် မှာ ကျဆုံးသွားရတဲ့ ကလေးလေး

 

မန္တလေးမြို့၊ ချမ်းမြသာစည်ရပ်ကွက်မှာ အမေဖြစ်သူအတွက် သောက်ရေခပ်ပေးဖို့

အိမ်အပြင်အထွက်မှာ အသက် ၁၅ နှစ်အရွယ် မောင်ထွန်းထွန်းအောင်

သ န တ် ကျ ည် ဆ န် ထိ မှ န် ဆုံးပါးခဲ့ပါတယ်။မောင်ထွန်းထွန်းအောင်တို့ မိသားစုဟာ ဖခင်မရှိပါဘူး။

 

 

မိခင်ဖြစ်သူနဲ့ ညီအစ်ကို သုံးယောက်တို့ စုပေါင်းပြီးချမ်းမြသာစည်မြို့နယ် ၅၁ လမ်း ၁၁၇ B

လမ်းက ကျူးကျော်တဲမှာ အလှူရှင်လှူဒါန်းပေးထားတဲ့ကျူး ကျော်တဲမှာ နေထိုင်ကြသူတွေပါ။၈ တန်းတက်နေသူ

ဖြစ်ပြီး ကျောက်ပိတ်ရက်မှာ ကျောက်သွေ းလုပ်ငန်း လုပ်ကိုင်ပြီး မိသားစုကို

လုပ်ကိုင်ကျွေးနေတဲ့ ကလေးငယ်တစ်ယောက်လည်းဖြစ်ပါတယ်။

 

ချမ်းမြသာစည်မြို့နယ်အတွင်းက အောင်သာယာ အောင်ပင်လယ်၊ သင်ပန်းကုန်းနဲ့

မြရည်နန္ဒာရပ်ကွက်အတွင်းကို မတ် ၂၁ ရက်၊ မနေ့မနက်က စတင်ပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ

ကပ စ် ခ တ်နေပြီး ဒီကနေ့ တစ်ရက်ထဲမှာ ဆုံးပါးသူလေးယောက် ရှိသွားပါပြီ။

ကလေးငယ်အတွက် မျက်ရည်မှတပါး ပြောစရာ စကား ရှာမရတော့ချေ။

 

ကလေးပဲ ရှိပါသေးတယ်ကွာ။အိမ်ထဲမှာမနေပဲ လမ်းပေါ်ထွက်လို့ပါဆိုတဲ့သူတွေ မြင်ပီလား

ခွေ း မျိုးတွေ တနေ့မင်းတို့လည်းဒီလို ခံစားစေရမယ်၊RIPပါ ကလေးရယ်