၇၆နှစ်အမေအိုက ငါတို့ထက်မာတယ်ဆိုတာ သက်သေပြလိုက်တဲ့စကားတစ်ခွန်း

အမေ့ မှာ ပိုက်ဆံမရှိတော့ဘူးတဲ့ အဲ့ဒီအသံက ငါတို့ ခွန်အား ၇၆နှစ် အမေအို အသံက ငါတို့ထက် မာတယ်ကွ။

“ဆေးဘိုးနဲ့ လိုတာလေးတွေ ဝယ်ဖို့”တဲ့။”အမေ့မှာ ပိုက်ဆံကုန်နေပြီ”တဲ့။”သူတို့ပေးတာ မလိုချင်ဘူး။ပြည်သူ ပေးတာပဲ စားမယ်”တဲ့။ခပ်ပြတ်ပြတ်ပဲ။

 

 

ကျမ စိတ်မကောင်းဘူး။ဒါပေမဲ့ ဒါမှ ငါတို့အမေရဲ့ အသံစစ်စစ်ဆိုပြီးကျေနပ်တယ်။အားရတယ်။အများအတွက် အားသွန်အလုပ်လုပ်ခဲ့ပြီး သုံးစရာ ပိုက်ဆံမရှိဘူးတဲ့။

သူ့အတွက် အပိုတွေလည်း စုဆောင်းမထားဘူး။
သူက သူ့သားသမီး(ပြည်သူ) ကို သိပ်အားကိုး သိပ်ယုံတာ။

သူ့ဘဝ ပြည်သူကို ပုံအပ်ထားတာ။မရှိရင် ကိုယ့်သားသမီးတွေဆီ တောင်းစားမယ်ဆိုတဲ့ အမေအို။

သိပ်ကို ရိုးရှင်း၊ ဖြောင့်စင်း လွန်းပါတယ်။
တကယ့် မိခင်ကောင်းကြီးပါ။

 

“မိခင်စိတ်” ဆိုတာ အတ္တကင်းဆိတ်တဲ့စိတ်လို့ ဖတ်ဖူးတယ်။အမေဖြစ်တိုင်း မိခင်စိတ်အပြည့် မရှိကြပါဘူး။

ဒီအမေအိုကြီးကတော့ အပေးသက်သက်ကြီးနဲ့ ရောက်လာသလားပဲ၊ မိခင်စိတ်လို့ ဖတ်လိုက်ရတိုင်း သူမကိုသာမြင်ယောင်မိပါတယ်။

လောကဓံတွေ ဘယ်လောက်ရိုက်ခတ်ပါစေ မျက်လုံးတစုံကတော့အမြဲတမ်းတဖျတ်ဖျတ် တောက်ပနေတာ…အဲ့ဒါ လိပ်ပြာလုံသူရဲ့ သတ္တိ။

 

Zawgyi Version

၇၆ႏွစ္အေမအိုက ငါတို႔ထက္မာတယ္ဆိုတာ သက္ေသျပလိုက္တဲ့စကားတစ္ခြန္း

အေမ့ မွာ ပိုက္ဆံမရွိေတာ့ဘူးတဲ့ အဲ့ဒီအသံက ငါတို႔ ခြန္အား ၇၆ႏွစ္ အေမအို အသံက ငါတို႔ထက္ မာတယ္ကြ။

“ေဆးဘိုးနဲ႔ လိုတာေလးေတြ ဝယ္ဖို႔”တဲ့။”အေမ့မွာ ပိုက္ဆံကုန္ေနၿပီ”တဲ့။”သူတို႔ေပးတာ မလိုခ်င္ဘူး။ျပည္သူ ေပးတာပဲ စားမယ္”တဲ့။ခပ္ျပတ္ျပတ္ပဲ။

က်မ စိတ္မေကာင္းဘူး။ဒါေပမဲ့ ဒါမွ ငါတို႔အေမရဲ႕ အသံစစ္စစ္ဆိုၿပီးေက်နပ္တယ္။အားရတယ္။အမ်ားအတြက္ အားသြန္အလုပ္လုပ္ခဲ့ၿပီး သုံးစရာ ပိုက္ဆံမရွိဘူးတဲ့။

 

သူ႔အတြက္ အပိုေတြလည္း စုေဆာင္းမထားဘူး။
သူက သူ႔သားသမီး(ျပည္သူ) ကို သိပ္အားကိုး သိပ္ယုံတာ။

သူ႔ဘဝ ျပည္သူကို ပုံအပ္ထားတာ။မရွိရင္ ကိုယ့္သားသမီးေတြဆီ ေတာင္းစားမယ္ဆိုတဲ့ အေမအို။

သိပ္ကို ႐ိုးရွင္း၊ ေျဖာင့္စင္း လြန္းပါတယ္။
တကယ့္ မိခင္ေကာင္းႀကီးပါ။

“မိခင္စိတ္” ဆိုတာ အတၱကင္းဆိတ္တဲ့စိတ္လို႔ ဖတ္ဖူးတယ္။အေမျဖစ္တိုင္း မိခင္စိတ္အျပည့္ မရွိၾကပါဘူး။

 

ဒီအေမအိုႀကီးကေတာ့ အေပးသက္သက္ႀကီးနဲ႔ ေရာက္လာသလားပဲ၊ မိခင္စိတ္လို႔ ဖတ္လိုက္ရတိုင္း သူမကိုသာျမင္ေယာင္မိပါတယ္။

ေလာကဓံေတြ ဘယ္ေလာက္႐ိုက္ခတ္ပါေစ မ်က္လုံးတစုံကေတာ့အၿမဲတမ္းတဖ်တ္ဖ်တ္ ေတာက္ပေနတာ…
အဲ့ဒါ လိပ္ျပာလုံသူရဲ႕ သတၱိ။