ချောင်းဦးမြို့နယ် သပိတ်ခေါင်းဆောင်ကို စစ်ကောင်စီက ဒိုင်းညောင့်လုပ်ကာဖမ်းဆီး

 


စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်ကစစ်အာဏာရှင်တော်လှန်ရေး လူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ဒီကနေ့ ဇွန်လ(၈)ရက် မနက် (၅) နာရီ၀န်းကျင်က တိမ်းရှောင်နေတဲ့ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ပစ်ခတ်ဖမ်းဆီးတာ ခံလိုက်ရတယ်လို့ ကနဦးသိရပါတယ်။

 

သူနဲ့အတူ အမည်မသိရှိရသေးတဲ့ အမျိုးသားနှစ်ယောက်လည်း အဖမ်းခံလိုက်ရတယ်လို့လည်း ကနဦးသတင်းတွေအရ သိရပါတယ်။

 

 


Zawgyi Version

 


