ကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားလို့ ဆေးကုသမှုခံယူနေဆဲအချိန်မှာတောင် စာနာမှုမရှိ ဖမ်းဆီးသွားပြန်ပြီ

 


လူငယ်သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ မောင်လျှံဖြိုးအောင်ကတော့ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရင်း ကိုယ်လက်အင်္ဂါတချို့ကို ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်က အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်တာကြောင့် ညာဘက်လက်တစ်ဖက်ဖြတ်လိုက်ရတာကို ခံစားရပေမယ့်လည်းအားတင်းပြီးနေထိုင်နေတာဖြစ်ပါတယ်။မောင်လျှံဖြိုးအောင်ကို မိသားစုဝင်တွေနဲ့သူငယ်ချင်းတွေက အားပေးဖေးမကြတဲ့အပြင် ပြည်သူလူထုကလည်း သူ့အတွက် တတ်နိုင်သလောက်ကူညီပေးကြတာဖြစ်ပါတယ်။

 

 

မနေ့က ဇွန်လ(၇)ရက်နေ့ ညနေ (၄)နာရီ အချိန်လောက်မှာတော့ မောင်လျှံဖြိုးအောင်ကို တရားစွဲဆိုထားတဲ့၅၀၅(က) အမှု့အား အချုပ်နဲ့ရင်ဆိုင်ရန် ဒေါင်းနေအကျဉ်းထောင်သို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။လက်ရှိမှာဆိုရင် မောင်လျှံဖြိုးအောင်ရဲ့ ကျန်းမာရေးအခြေအနေကလည်း မျက်နှာသစ်ခြင်း၊ထမင်းစားခြင်းမှစပြီး အပေါ့၊အလေးသွားခြင်းမှအဆုံး မိသားစုရဲ့အကူအညီနဲ့သာလှုပ်ရှားနေရတာဖြစ်ပါတယ်။ညာဘက်မျက်လုံးကိုလည်း မျက်ကြည်လွှာ အစားထိုးကုသဖို့အတွက် အရေးပေါ်လိုအပ်နေသလို ဘယ်ခြေထောက်အတွက်လည်း လေ့ကျင့်ခန်းပြုလုပ်ဖို့ အထူးလိုအပ်နေသေးတာဖြစ်ပါတယ်။

 

မောင်လျှံဖြိုးအောင်ရဲ့ အစ်ကိုဖြစ်သူကတော့ သူ့ရဲ့ညီလေးကိုစွဲဆိုထားတဲ့ အမှုမှ အမြန်ဆုံးလွတ်မြောက်ဖို့အတွက်ဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။အခုလိုမျိုး ကိုယ်လက်အင်္ဂါတွေဆုံးရှုံးထားရတဲ့အပြင်ဆေးကုသမှုခံယူနေဆဲအချိန်မှာ ဖမ်းဆီးခံလိုက်ရတဲ့ မောင်လျှံဖြိုးအောင်အတွက် ပြည်သူလူထုကလည်း အရမ်းဝမ်းနည်းနေကြပြီး တတ်နိုင်သလောက်ကူညီပေးနေကြတာဖြစ်ပါတယ်။သူ့ကိုစွဲဆိုထားတဲ့အမှုအတွက် အချုပ်ဖြင့်ရင်ဆိုင်ရမယ့် မောင်လျှံဖြိုးအောင်ရဲ့ အဖြစ်အပျက်လေးကို စိတ်မကောင်းစွာနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ Source :Hlyan Phyo Aung