ညက ကွယ်လွန်သွားတဲ့ မေသစ္စာမောင်ရဲ့ ယာဉ်တိုင်မှုဖြစ်စဉ်ရဲ့အဓိကအကြောင်းအရင်း

ထင်ရှားတဲ့ LGBT တစ်ဦး ဖြစ်ပြီးတော့ ငယ်ရွယ် လှပပြီး အနုပညာ လောကမှာ အောင်မြင် မှု တွေ ရလာ သူလေးရဲ့ သတင်းကို ကြားရ တာက စိတ်မကောင်း စရာပါပဲ ပရိသတ်ကြီးရေ လေဒီဘွိုင်း တွေထဲက Miss တစ်ဦးဖြစ်သလို ပုရိသပရိသတ်တွေရဲ့ အားပေး ဝန်းရံမှုတွေကို ရရှိခဲ့တဲ့ မေသစ္စာမောင် ဟာ မနေ့ က ဇွန် လ ၇ ရက်နေ့ ညမှာ ကား Accident ဖြစ်ပြီး ကွယ်လွန်သွားခဲ့ကြောင်း သိရ ပါတယ်။

 


မေသစ္စာမောင် ဟာ 2019 စက်တင်ဘာ လ (၁၅)ရက်နေ့ မှာတော့ လှပတဲ့မိန်းမ တစ်ယောက် ဖြစ်ချင်တဲ့ သူမရဲ့အိမ်မက်ကို အကောင်ထည်ဖော်၊ လိင်ပြောင်း ခွဲစိတ် ပြုပြင် မှုတွေ ပြုလုပ် ခဲ့တာပါ ။ မေသစ္စာမောင်က Miss International Queen Best Talent 2020 ဆုအတွက် ဆန်ခါ တင် (၁၃)ဦးထဲ ပါဝင်ခဲ့တဲ့ သူလည်းဖြစ်ပါတယ်။

 

အလှမယ် မေသစ္စာမောင်ဟာ မနေ့က ဇွန် လ ၇ ရက်နေ့ ညမှာ အမေရိကန် စင်တာ နားတွင် ကား Accident ဖြစ်ပြီး ကွယ်လွန် သွားခဲ့ကြောင်း သိရပါတယ် ယာဉ်တိုက်မှု ဖြစ်စဉ်မှာ မေသစ္စာမော င် တို့သူငယ်ချင်းများ စီးနင်းလာတဲ့ Probox အမျိုးအစား အငှားကား ယာဉ်အား တက္ကသိုလ် ရိပ် သာ လမ်းနှင့် အင်းယား လမ်းထောင့် ၌ မီးပွိုင့် မိ‌ နေစဉ် တစ်ဖက် လမ်းကြောကနေ လာတဲ့ အိမ်စီးကား တစ်စီးမှ ဖြတ်တိုက် လိုက်တာ ဖြစ်ကြောင်း သိရပါတယ်။

 

အငှားယာဉ်ပေါ်တွင် မေသစ္စာမောင်အပါအဝင် အငှားကား မောင်းသူ လင်မယား နှစ်ယာက်နဲ့ မေသစ္စာမောင် တို့ သူငယ်ချင်း ၄ ယော က် လိုက်ပါစီးနင်း လာတာပဲ ဖြစ်ပါတယ်။ အငှားကား မောင်းသူ လင်မယားနဲ့ မေသစ္စာမောင်တို့မှာ ကွယ်လွန်သွားပြီး ကျန်ဒါဏ်ရာရ လူနာ ၃ ယောက်ကိုတော့ မြောက်ဥက္ကလာ ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရှိရပါသည်။ အဆိုပါ ယာဉ် တို က်မှု ဖြစ်စဉ်ကို ရောင်စဉ်မဲ့ လူမှုကူညီရေး အသ င်းက ကူညီဆောင်ရွက် ပေးလျက် ရှိပါတယ်။

 

 

မေသစ္စာမောင် အပြင်ထွက် နေတုန်းမှာ အိမ်က သူမွေး ထားတဲ့ ခွေး မလေးဟာ ကလေး မွေးနေတာ‌ ကြောင့် ရရာ Taxi ကို တောင်းပန် ငှါးပီး အိမ် သို့ပြန်တာ ဖြစ်ကြောင်း သူရဲ့ သူငယ်ချင်း မိ‌‌တ်ဆွေ‌ ပြောကြား ချက်များအရ သိရပါတယ်။ မေသစ္စာ မောင် တစ်ယာက် ကောင်းရာ ဘုံဘဝကို ရောက်နိုင်ဖို့ ဆုတောင်း ပေးလိုက်ပါတယ်။