ဒို့လူငယ်လေးတွေ ဖမ်းဆီးခံရပြန်ပြီ

ရန်ကုန်တိုင်း လှိုင်မြို့နယ် ၊လှိုင်မြစ်လမ်းနဲ့ ဘုရင့်နောင်လမ်းမကြီး မှာ ဒီကနေ့ ဇွန်လ ၈ရက်နေ့ မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ရန်ကုန်မြို့နယ်ပေါင်းစုံ ပြောက်ကျား သပိတ်ကို အရပ်ဝတ်တွေ နဲ့ ဝင်ရောက်ဖြိုခွင်းခဲ့တယ်လို့သိရှိရပါတယ်။

အရပ်ဝတ် နဲ့ အကြမ်းဖက်စစ်ကောင်စီ တပ်သားတွေဟာ သပိတ်မှာပါဝင်တဲ့ လူငယ်သုံးဦးဖမ်းဆီးသွားတယ်လို့ သိရှိရပါတယ်။

 

ရန်ကုန်မြို့နယ်ပေါင်းစုံ ပြောက်ကျားသပိတ် ချီတက် ဆန္ဒပြမှု ပြီးဆုံးချိန်မှာစစ်ကောင်စီ တပ်သားတွေရောက်လာပြီး အရပ်ဝတ်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

 

Zawgyi Version




 
