မြန်မာနိုင်ငံတွင် စစ်​ကောင်စီက အာဏာသိမ်းမှုအပေါ် ပြတ်ပြတ်သားသားပြောလိုက်တဲ့ ဂျပန်

စစ်တပ်က လူထုအာဏာလုယူမှုသည် ဒီမိုကရေစီဖော်ဆောင်ရေးကြိုးပမ်းမှုနှင့် မျှော်လင့်ချက်များကို နင်းချေလိုက်ခြင်းဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ဂျပန်နိုင်ငံ အောက်လွှတ်တော်က ပြစ်တင်ရှုတ်ချခဲ့ကြောင်း ကျိုဒိုသတင်းက ဖော်ပြသည်။

 

ယင်းလွှတ်တော်က ဒီမိုကရေစီစနစ်သို့ အမြန်ဆုံးပြန်လည်သက်ဝင်စေရန် တောင်းဆိုကြောင်း ဆုံးဖြတ်ချက်ချခဲ့ပြီး ယင်းအတွက် ဂျပန်အစိုးရအနေနှင့် ရရှိသမျှသော နိုင်ငံခြားရေးသယံဇာတများကို အသုံးချ၍ လက်တွေ့အကောင်အထည်ဖော်ရေး အားထုတ်ကြိုးပမ်းရန်ကိုလည်း တောင်းဆိုခဲ့သည်။

 

ထို့ပြင် အာဏာသိမ်းစစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုမည်မဟုတ်ဘဲ လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မြန်မာပြည်သူများနှင့်အတူ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း လွှတ်တော်က ၎င်းတို့ ရပ်တည်ချက်၊ သဘောထားကို ဆုံးဖြတ်ခဲ့သည်။

Zawgyi Version

ျမန္မာႏိုင္ငံတြင္ စစ္​ေကာင္စီက အာဏာသိမ္းမႈအေပၚ ဂ်ပန္ျပတ္ျပတ္သားသားေျပာၿပီ

စစ္တပ္က လူထုအာဏာလုယူမႈသည္ ဒီမိုကေရစီေဖာ္ေဆာင္ေရးႀကိဳးပမ္းမႈႏွင့္ ေမွ်ာ္လင့္ခ်က္မ်ားကို နင္းေခ်လိုက္ျခင္းျဖစ္ေၾကာင္း ယေန႔ က်င္းပသည့္ ဂ်ပန္ႏိုင္ငံ ေအာက္လႊတ္ေတာ္က ျပစ္တင္ရႈတ္ခ်ခဲ့ေၾကာင္း က်ိဳဒိုသတင္းက ေဖာ္ျပသည္။

ယင္းလႊတ္ေတာ္က ဒီမိုကေရစီစနစ္သို႔ အျမန္ဆုံးျပန္လည္သက္ဝင္ေစရန္ ေတာင္းဆိုေၾကာင္း ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီး ယင္းအတြက္ ဂ်ပန္အစိုးရအေနႏွင့္ ရရွိသမွ်ေသာ ႏိုင္ငံျခားေရးသယံဇာတမ်ားကို အသုံးခ်၍ လက္ေတြ႕အေကာင္အထည္ေဖာ္ေရး အားထုတ္ႀကိဳးပမ္းရန္ကိုလည္း ေတာင္းဆိုခဲ့သည္။

ထို႔ျပင္ အာဏာသိမ္းစစ္ေကာင္စီကို တရားဝင္အသိအမွတ္ျပဳမည္မဟုတ္ဘဲ လူထုအာဏာဖီဆန္ေရးလႈပ္ရွားမႈတြင္ ျမန္မာျပည္သူမ်ားႏွင့္အတူ လက္တြဲေဆာင္႐ြက္မည္ျဖစ္ေၾကာင္း လႊတ္ေတာ္က ၎တို႔ ရပ္တည္ခ်က္၊ သေဘာထားကို ဆုံးျဖတ္ခဲ့သည္။