မနက်တည်းက ဘာမှ မစားရသေးတာကြောင့် ရှိတာစားပြီးဆက်တိုက်ကြမယ်ဆိုတဲ့ PDF လေးတွေ(ရုပ်သံ)

အောက်ဆုံးတွင်videoပါသည်….

မြန်မာလူငယ်တွေကတော့ အာဏာသိမ်းတဲ့ ဖေဖော် ဝါရီ၁ရက်နေ့မှစပြီး အနာဂတ်တွေ၊ ရည်မှန်းချက်တွေပျောက်ဆုံးခဲ့တာကြောင့် လမ်းမတွေပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ဆန္ဒပြပွဲတွေကို အကြ မ်း ဖ က်ဖြို ခွ င်းပြီး ပ စ် ခ တ်မှုတွေများစွာခံခဲ့ရတာကြောင့်…

လူငယ်တွေဟာ ပြန်လည် ခု ခံဖို့အတွက် တိုင်းရင်းသားဒေသတွေဆီသွားပြီး စစ်သင်တန်းတွေတတ်ရောက်နေကြပါတယ်။တစ်ချို့သောလူငယ်တွေဟာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တွေထဲဝင်ရောက်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို…

 


ကာကွယ်ပေးဖို့ကြိုးစားနေကြပါတယ်။ကယားပြည် နယ်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တို က် ပွဲတွေဖြစ်ပွားနေခဲ့ပါတယ်။ကယားပြည်နယ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF)တပ်ဖွဲ့ဝင်တွေကတော့ မနက်တည်းက…


ဘာထမင်းမှ မစားရသေးတာမို့ ရှိတဲ့ပိန္နဲသီးကိုသာ အားရပါးရဝိုင်းစားနေကြပါတယ်။PDFလူငယ်တစ်ဦးက ” ရှိတာစားပြီး ဆက်တို က် မယ် မနက်ကတည်းက ထမင်း မစားရသေးလို့ တွေ့တာ ရှာစားလိုက်တော့တယ် “ဆိုပြီး အဆိုပါစားသောက်နေကြတဲ့ ဗီဒီယိုဖိုင်လေးနဲ့…

 


အတူ မျှဝေလာခဲ့တာပဲဖြစ်ပါတယ်။မြန်မာပြည်သူတွေကတော့ ဘေးကင်းကြပါစေ၊လုံခြုံကြပါစေ၊အားတင်းထားကြပါဆိုပြီး အဆိုပါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအတွက် အားပေးစကားတွေပြောဆိုနေကြပါတယ်။ မြန်မာပြည်သူတွေရဲ့ အနာဂတ်တွေတောက်ပဖို့အတွက်..


အသက်ကိုတောင် ပဓာနမထားဘဲ ရှိတာလေးစားပြီး တိုက်ပွဲဝင်နေတဲ့ PDFလူငယ်တွေရဲ့စိတ်ဓာတ်က အရမ်းကိုလေးစားစရာကောင်းလွန်းနေခဲ့ပါတယ်။ရှိတဲ့ပိန္နဲသီးတွေကို စားနေကြတဲ့ ကယားပြည်နယ်က PDFလူငယ်တွေရဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။…

 

Videoကြည့်ရန်…..