အကောင်ကြီး (၂)ကောင်ပါတယ်ဆိုတော့ တစ်နိုင်ငံလုံး ပျော်လိုက်ကြတာ အုံးအုံးထပဲ

 

မနေ့က လေယာဉ်ပျက်ကျမှုမှာ စခ(၆)ကောင်အပြင် Confirm မဖြစ်သေးတဲ့ အကောင်ကြီး (၂)ကောင်ပါတယ်ဆိုတော့ တစ်နိုင်ငံလုံး ပျော်လိုက်ကြတာ အုံးအုံးထပဲ။ အာဏာသိမ်း ၄လကျော်အတွင်း အပျော်ဆုံးနေ့လို့တောင် ပြောလို့ရတယ်။

 

ဘာကို သွားသတိရလဲဆိုတော့ လွန်ခဲ့တဲ့ ၄ နှစ် ဒီကာလလောက်ဝန်းကျင်မှာပဲ ဖြစ်ခဲ့တဲ့ Y8 စစ်လေယာဉ်ပျက်ကျမှုကိုပဲ။ စစ်သားမိသားစုတွေ သေဆုံးခဲ့ကြတဲ့ လေယာဉ်ပျက်ကျမှုမှာ တစ်နိုင်ငံလုံး ဝမ်းနည်းခဲ့ကြဖူးတယ်။

စစ်တပ်ကို ချစ်လို့လား၊ ကြိုက်လို့လားတော့ စောက်ရှက်မရှိ ပြန်မမေးနဲ့နော်။ လူသားချင်းစာနာမှုနဲ့ တစ်သက်လုံး စစ်တပ်ကို မုန်းခဲ့သူတွေတောင် ဝမ်းမနည်းပေမယ့် မပျော်ခဲ့ကြဘူး။ စစ်တပ်နဲ့ တစ်သက်လုံးရန်သတ်လာပြီး စစ်တပ်က ထောင်ထဲထည့်ဖို့ တရားစွဲခံထားရတဲ့ ငါတောင် လူသားချင်းစာနာမှုနဲ့ ဝမ်းနည်းခဲ့ဖူးသေးတယ်။

 

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရ ပရိုဖိုင်လေလံရရှိငွေ သိန်းတစ်ရာကိုတောင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူနေကျကို နင်တို့အတွက် မသာကူငွေ ထည့်ခဲ့ကြသေးတယ်။ အဲ့ဂုဏ်ပြုမှတ်တမ်းကြီးကို ပြပြီး အခုထိ စခတွေက ငါ့ကို စစ်တပ်ဒလန်ဆိုပြီး နာမည်ဖျက်နေသေးတာ။

 

အေး…. အခုတော့ ပြည်သူက ရန်/ ငါ ပြတ်နိုင်ခဲ့ပြီ။ ငါတို့ဘက်က ပျော့ညံ့ခဲ့တယ်။ စာနာခဲ့တယ်။ ဘယ်လိုတွေယုတ်ကန်းယုတ်ကန်း ဪ… အထက်ကကောင်တွေမကောင်းတာပါ။ အောက်ခြေကစစ်သားတွေနဲ့ မဆိုင်ပါဘူး ဖြည့်တွေးခဲ့ကြတယ်။ ဒါပေမယ့် ငါတို့ ပြည်သူတွေ ပြန်ရခဲ့တာ ခေါင်းကို ချိန်ပစ်တဲ့ ကျည်ဆန်တွေ။

အာဏာသိမ်းလို့ ဆန္ဒပြနေချိန်မှာတောင် ရဲနဲ့စစ်သား ဘယ်သူ့သားလဲ၊ ပြည်သူ့သား၊ ပြည်သူ့သားဆိုတဲ့ စည်းရုံးတဲ့ကြွေးကြော်သံတွေ မြို့ကို ဟိန်းထွက်ခဲ့ဖူးတယ်။ နင်တို့ကို ရေတိုက်၊ အအေးတိုက်၊ ပန်းတွေပေး၊ ပြည်သူနဲ့ပူးပေါင်းဖို့ လက်ကမ်းပေးခဲ့တယ်။ ဒါပေမယ့် ငါတို့ပြည်သူတွေ ပြန်ရခဲ့တာ ခေါင်းကို ချိန်ပစ်တဲ့ ကျည်ဆန်တွေ။

 

ပြည်သူ ၉၀၀ ကျော် သတ်ဖြတ်ခံခဲ့ရပြီးပြီ။ ငါတို့ကလည်း အရိုးထဲ စွဲနေအောင်ကို မုန်းတာ။ နင်တို့ကိုယ်တိုင်မပြောနဲ့၊ နင်တို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း အဖျားအနားတောင် ပြည်သူက လက်မခံတော့ဘူး။ နင်တို့ဘက်က ဒီနေ့ ဘယ်နှယောက်သေမှာလဲဆိုတဲ့ မျှော်လင့်စိတ်နဲ့ နိုးထပြီး ဒီနေ့ ဘယ်နှယောက်သေသွားပြီဆိုတဲ့ ပီတိစိတ်တဲ့ အိပ်ပျော်တဲ့အထိကို ပြည်သူက မုန်းနိုင်သွားခဲ့ပြီ။

 

လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတာ ငါတို့အားလုံးရဲ့ ရင်ထဲကစကား။ နင်တို့ကို ရရာနေရာ၊ ပါဝင်နိုင်ရာနေရာကနေ ရသလိုတော်လှန်နေတဲ့ သူတွေချည်းပဲ။

မနေ့က လေယာဉ်ပျက်ကျမှုမှာ နင်တို့ကြားလား။ နင်တို့ရဲ့ ကြေကွဲမှုပေါ်မှာ ပြည်သူတွေရဲ့ ဟားတိုက်သံတွေ။ ပြည်သူက နင်တို့ကို အုပ်ချုပ်သူခေါင်းဆောင်တွေဆိုတဲ့အဆင့်မပြောနဲ့ လူသားချင်းစာနာပေးဖို့တောင် နင်တို့ကို လူလို့ မသတ်မှတ်နိုင်တော့တာ။

 

ငါတို့ပြည်သူတွေရဲ့ နှလုံးသားတွေ မာကျောအောင် နင်တို့စစ်တပ်ကပဲ သင်ပေးလိုက်တာ။ ငါတို့တွေ ရက်စက်တတ်သွားအောင် နင်တို့တွေပဲ သင်ပေးလိုက်တာ။ ဒီစစ်တပ်နဲ့ဒီပြည်သူ ဘယ်တော့မှ ယှဉ်တွဲနေထိုင်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အသိကိုလည်း နင်တို့ပဲ ထည့်ပေးလိုက်တာ။ စစ်တပ်နဲ့ပြည်သူဟာ ဘယ်တော့မှ အရင်လို ပြန်မဖြစ်နိုင်တော့အောင် တစ်သက်လုံး မုန်းသွားမယ့် အမုန်းတရားမျိုးကို နင်တို့ပဲ ထည့်ပေးလိုက်တာ။

 

မြန်မာ့နိုင်ငံရေးသမိုင်းမှာ စစ်တပ်ကို ပြည်သူက အမုန်းဆုံးနဲ့ အပြတ်သားဆုံးဖြစ်အောင် နင်တို့ ဖန်တီးခဲ့ကြပြီ။ ငါတို့ရဲ့ နာကျည်းစိတ်နဲ့ အမုန်းတရားကို နင်တို့သေပြီးရင်တောင် နင်တို့မျိုးဆက်တွေထိ ခေါ်ဆောင်သွားတော့မှာ။

ငြိမ်းခါနီး မီးစာလို အစွမ်းကုန်တောက်ထား။ နင်တို့ရဲ့ နောက်ဆုံးနေ့ရက်တွေကို ငါတို့က ဘယ်လိုဟားတိုက်ရယ်မောပြမလဲ ကြိုသွေးပျက်ထားကြ။

အောင်ပွဲကလွဲရင် ဘာနဲ့ဆွယ်ဆွယ် ငါတို့က အပြီးအပြတ် ငြင်းမယ်။ အရေးတော်ပုံ အောင်ကို အောင်ရမယ်။

အိပန်ဆယ်လို