စစ်ဘေးရှောင်များအတွက် လှူဒါန်းထားသည့် ဆန်အိတ်များ၊ ဆေးဝါးများအား စစ်ကောင်စီမှ ယုတ်မာလိုက်ပြီ

 

ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့နယ် လွယ်ယင်းတောင်ခြေကျေးရွာတွင် ကရင်နီစစ်ဘေးရှောင်ဒုက္ခသည်များအတွက် စေတနာရှင်များမှ လှူဒါန်းထားသည့် ဆန်အိတ်ပေါင်း ၈၀ နှင့် ဆေးဝါးပစ္စည်းများအပြင် ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် ကားတစ်စီးကိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဇွန်လ ၁၀ ရက် ယမန်နေ့ညက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူများထံမှ သိရသည်။

 

လက်ရှိအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေပြီး ဖက်ဆစ် စစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် မိုးဗြဲ၊ လွိုင်ကော်၊ စံပြခြောက်မိုင်ကျေးရွာ၊ ဒီးမော့ဆို အစရှိသည့်မြို့နယ်များအတွင်းမှ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ရှောင်ဦးရေ တစ်သိန်း ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်သည်။

 

Zawgyi Version

စစ္ေဘးေရွာင္မ်ားအတြက္ လႉဒါန္းထားသည့္ ဆန္အိတ္မ်ား၊ ေဆးဝါးမ်ားအား စစ္ေကာင္စီမွ ယုတ္မာလိုက္ၿပီ

 

ရွမ္းျပည္နယ္ေတာင္ပိုင္း မိုးၿဗဲၿမိဳ႕နယ္ လြယ္ယင္းေတာင္ေျခေက်း႐ြာတြင္ ကရင္နီစစ္ေဘးေရွာင္ဒုကၡသည္မ်ားအတြက္ ေစတနာရွင္မ်ားမွ လႉဒါန္းထားသည့္ ဆန္အိတ္ေပါင္း ၈၀ ႏွင့္ ေဆးဝါးပစၥည္းမ်ားအျပင္ ကယ္ဆယ္ေရးလုပ္ေဆာင္ေနသည့္ ကားတစ္စီးကိုပါစစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွ ဇြန္လ ၁၀ ရက္ ယမန္ေန႔ညက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ကူညီကယ္ဆယ္ေရးေဆာင္႐ြက္ေနသူမ်ားထံမွ သိရသည္။

လက္ရွိအခ်ိန္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ႏွင့္ ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္ဖြဲ႕တို႔ တိုက္ပြဲမ်ားျဖစ္ပြားေနၿပီး ဖက္ဆစ္ စစ္တပ္မွ လက္နက္ႀကီးမ်ားျဖင့္ ရမ္းသန္းပစ္ခတ္မႈမ်ားေၾကာင့္ မိုးၿဗဲ၊ လြိဳင္ေကာ္၊ စံျပေျခာက္မိုင္ေက်း႐ြာ၊ ဒီးေမာ့ဆို အစရွိသည့္ၿမိဳ႕နယ္မ်ားအတြင္းမွ ျပည္သူမ်ား ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေရွာင္ေနၾကရၿပီး စစ္ေရွာင္ဦးေရ တစ္သိန္း ဝန္းက်င္ခန႔္ ရွိေနၿပီ ျဖစ္သည္။