ဖမ်းဆီးခံထားရတဲ့အဆိုတော် အေသင်ချိုဆွေ ဒီကနေ့တော့

အဆိုတော် အေသင်ချိုဆွေ ဒီကနေ့ဇွန်လ၁၁ရက်နေ့က အိမ်ပြန်ရောက်ပြီ ဖြစ်ကြောင်း သူမရဲ့မိသားစုများထံမှ သိရပါတယ်။၀မ်းသာပါတယ် အေသင်ရေ။


အဆိုတော် အေသင်ချိုဆွေ ပြန်လည် လွတ်မြောက်ပြီ။အေသင်ဖမ်းဆီးခံလိုက်ရတဲ့ သတင်းကြားပြီး ပရိသတ်များက ကျန်ရစ်ခဲ့တဲ့ သူမရဲ့သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတာပါနော်။

 

သူမကတော့ လူထုလှုပ်ရှားမှုများတွင် လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရသူပါနော်။ အေသင်ဖမ်းဆီးခံလိုက်ရတဲ့ သတင်းကြားပြီး ပရိသတ်များက ကျန်ရစ်ခဲ့တဲ့ သူမရဲ့သမီးလေးအတွက် စိတ်မကောင်းဖြစ်နေတာပါနော်။

ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံခဲ့ရပြီး၊ ပြီးခဲ့တဲ့လအတွင်းက ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ အောင်ဓမ္မရိပ်သာလမ်းရှိ Shwe Parami ကွန်ဒို နေအိမ်မှာ ဖမ်းဆီးခဲ့ရတဲ့ အဆိုတော် အေသင်ချိုဆွေဟာ ယနေ့၊ ဇွန်လ ၁၁ ရက်နေ့မှာ ပြန်လည် လွတ်မြောက်လာပြီလို့ သိရပါတယ်။

 


“ချစ်တဲ့ ပရိတ်သတ် အပေါင်းတို့ရဲ့ ဆုတောင်းမေတ္တာ ပြည့်ဝခဲ့ပါပြီ။ သမီး အေသင်ချိုဆွေ အိမ်ပြန်ရောက်ပြီး Ivy လေးနဲ့ အမေ့အိမ်မှာ အတူရှိနေပါပြီ။ ဆုတောင်းပေးကြသော တယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ပါရစေရှင့်”

“စာကြွင်း – ငွေကြေးကိစ္စ လုံးဝ မကုန် မပေးရပါကြောင်း။ ပေးစရာလည်း မရှိပါကြောင်း”လို့ အေသင်ချိုဆွေရဲ့ မိခင်ဖြစ်သူက ပြောထားပါတယ်။

 

“အေသင် ပြန်လွတ်ပါပြီ။ အိုင်ဗီလေးတို့ အမေနားပဲ ကပ်နေတယ်”လို့ အေသင်ချိုဆွေရဲ့ ညီမ မေသင်ချိုဆွေကလည်း ပြောထားပါတယ်။

အေသင်ချိုဆွေဟာ မေလ ၂၃ ရက်နေ့ ညက ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။